SJ WorldNews - шаблон joomla Авто

လာမည့်နှစ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ၀င်ရောက်ရွေးချယ်မခံ လိုကြောင်း ဦးဇော်ဇော်ဖွင့်ဟ

Wednesday, 23 October 2019 09:47 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

လာမည့်နှစ်တွင်ပြုလုပ်မည့်  မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ် MFF ဥကဋ္ဌ ရွေးကောက်ပွဲတွင် ၀င်ရောက်ရွေးချယ်မခံ လိုကြောင်း MFF ဥကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

““လာမယ့်နှစ် MFF ဥကဋ္ဌရွေးကောက် ပွဲလုပ်မယ်။ ရက် ၆၀ ကြိုပြီးတော့ ကြေညာပါမယ်။ အမှန်အတိုင်းပြောရရင် နေရာ တစ်နေရာမှာ   အကြာကြီးခေါင်းဆောင် လုပ်တာ သင့်တော်တဲ့အရာမဟုတ်ပါဘူး။

မြန်မာနေရှင်နယ်လိဂ် ပျက်သွားမှာ၊  နိုင်ငံ တကာပွဲတွေ ၀င်မပြိုင်နိုင်တော့မှာ၊  နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် ကိုယ့်နိုင်ငံ မျက်နှာ ငယ်မှာ စိုးရိမ်တာတွေကြောင့် ဆက်လုပ်နေတာပါ။ ကျွန်တော့်အနေနဲ့   ဥကဋ္ဌ လုပ်တာ  ၁၄  နှစ်ကျော်ပြီ။  ကျွန်တော်လည်း နားချင်ပြီ။  လာမယ့်ရွေးကောက်ပွဲမှာ    ၀င်ပြိုင်မယ့်သူရှိရင်    ကျွန်တော်  ၀င်မပြိုင်တော့ဘူး ””  ဟု   ဦးဇော် ဇော်က ပြောသည်။

သို့သော် ဥကဋ္ဌရာထူးမှ နားသွားပါက လည်း မြန်မာ့ဘောလုံး လောကအတွက် လိုအပ်သည့် ကိစရပ်များနှင့်  ငွေကြေး ပိုင်း များကို   ပံ့ပိုးကူညီ ပေးမည်ဖြစ်ကြောင်း  ဦးဇော်ဇော်ကပြောသည်။

ဦးဇော်ဇော်သည် ၂၀၀၅ ခုနှစ်ကတည်းက MFF ဥကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ဘောလုံးအဖွဲ့ချုပ် ဥကဋ္ဌ ရွေးကောက် ပွဲတွင်    ယှဉ်ပြိုင်မည့်သူ မရှိသည့်အတွက်  ၀င်ရောက်ရွေးချယ် ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။            

TZW

Read 36 times Last modified on Wednesday, 23 October 2019 09:51