SJ WorldNews - шаблон joomla Авто

အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း အပြီးသတ် ကစားသမား စာရင်း ထုတ်ပြန်

Wednesday, 23 October 2019 09:51 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

၂၀၁၉ အာရှ  ယူ-၁၉  အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉  အမျိုးသမီးအသင်း၏ အပြီးသတ် ကစားသမား စာရင်းကို  အောက်တိုဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။  

ယခုထုတ်ပြန်လိုက်သော ကစားသမားစာရင်းတွင် အပြီးသတ်ကစားသမား ၂၃ ဦးပါဝင်ပြီး မြတ်နိုးခင်နှင့် ဆွေမာအောင် တို့လည်း ပါဝင်လာကြောင်း သိရသည်။

၂၀၁၉  အာရှ  ယူ-၁၉  အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ထိုင်းနိုင်ငံ  ချာင်ဘူရီမြို့၌ ကျင်းပမည်ဖြစ်ပြီး မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းသည် အုပ်စု (ခ)တွင် ဂျပန်၊ တရုတ်၊ တောင်ကို ရီးယား အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။

အုပ်စု (က)တွင် အိမ်ရှင် ထိုင်း၊ ဗီယက်နမ်၊  မြောက်ကိုရီးယား၊ သြစတြေးလျ အသင်းတို့ ပါဝင်ပြီး ယခုပြိုင်ပွဲတွင် ဗိုလ်စွဲ သောအသင်း အပါအ၀င် ထိပ်ဆုံးသုံးသင်း မှာ ဖီဖာ ယူ-၂၀ အမျိုးသမီး ကမာ့ဖလား ပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ရောက် ယှဉ်ပြိုင် ခွင့်  ရမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည်  ယခုပြိုင်ပွဲအတွက် အကြို ပြင်ဆင်မှုအဖြစ် စင်ကာပူနှင့် ဗီယက်နမ် အသင်း အပါအ၀င် ပြည်တွင်း အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။

အုပ်စုပွဲစဉ်များအဖြစ် အောက်တိုဘာ ၂၈ ရက်တွင် ဂျပန်အသင်း၊ အောက်တိုဘာ၃၁ ရက်တွင် တရုတ်အသင်း၊ နိုဝင်ဘာ ၃ ရက်တွင် တောင်ကိုရီးယားအသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။

 မြန်မာယူ-၁၉ အမျိုးသမီး အသင်း၏  အပြီးသတ် ကစားသမား စာရင်းတွင်  ဂိုး ဇူးလဲ့နဒီ၊  ခင်မြတ်မိုး၊  ကြည်ပြာလင်း၊  နောက်တန်း အိအိကျော်၊ နှင်းမြတ်သဇင်၊  မိုးမမစိုး၊ နန့်ဇူဇူးထက်၊   ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ အလယ်တန်း - လင်းမြင့်မိုရ်၊  မေဖူးကို၊ မိုးမိုးသန်း၊ မေထက်လူ၊ နော်ထက် ထက်ဝေ၊  နွယ်နီဝင်း၊  ပုံ့ပုံ့ပြည့်မောင်၊ သဇင်အောင်၊ ၀င်းဝင်း၊ Bawelyan Kane  ရှေ့တန်း    အေးမြတ်ခိုင်၊    မြတ်နိုးခင်၊ စန်းသော်သော်နှင့် ဆွေမာအောင်တို့ ပါဝင်ကြောင်း သိရသည်။            

TZW

Read 38 times Last modified on Wednesday, 23 October 2019 09:52