SJ WorldNews - шаблон joomla Авто

အိနိ္ဒယ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ၌ သက်ထားသူဇာ ရှုံးထွက်အဆင့်တွင် ကမ္ဘာ့အဆင့် (၅၁) နေရာ၌ ရပ်တည် နေသည့် တောင်ကိုရီးယား နိုင်ငံသူနှင့် စတင် တွေ့ဆုံနေ

Friday, 08 November 2019 10:11 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ကြက်တောင်

အိနိ္ဒယနိုင်ငံ၌ ကျင်းပမည့် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာ သည် တောင်ကိုရီးယား နိုင်ငံသူ ဆမ်ယုချင်နှင့် စတင်တွေ့ဆုံ ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ  Syed Modi International Badminton Championships 2019 ပြိုင်ပွဲကို နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ အိနိ္ဒယနိုင်ငံ လက်နော်မြို့၌ ကျင်းပမည်ဖြစ်သည်။

 အိနိ္ဒယ  နိုင်ငံတကာကြက်တောင် ပြိုင်ပွဲ၌ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်တွင် သက်ထားသူဇာအပါအ၀င် တောင်ကိုရီး ယား၊ တရုတ်၊ ထိုင်း၊ ဘူလ်ဂေးရီးယား စသည့်နိုင်ငံတို့မှ ကစားသမား ၁၆ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲ၌  သက်ထားသူဇာသည် ကမာ့အဆင့် သတ်မှတ်ချက်အရ ရှုံးထွက် ပထမအဆင့်မှစ၍   ယှဉ်ပြိုင်ရမည်ဖြစ် သည်။ ၎င်း၏ပြိုင်ဘက် တောင်ကိုရီးယား နိုင်ငံသူ  ဆမ်ယုချင်သည် ကမ္ဘာ့အဆင့် (၅၁) နေရာ၌ရပ်တည်နေပြီး ကမာ့ အဆင့် (၆၂) ရှိသည့် သက်ထားသူဇာထက် ၁၁ ဆင့်သာလွန်နေသည်။  သက်ထားသူဇာ သည် ၂၀၂၀ တိုကျိုအိုလံပစ် ကြက်တောင် ပြိုင်ပွဲ၌ လက်ရည်စစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရန် အဆင့် သတ်မှတ်ချက်မြင့်တက်ရေး နိုင်ငံတကာ ပြိုင်ပွဲများ  ဆက်တိုက် ယှဉ်ပြိုင် နေခြင်းဖြစ်သည်။

လက်ရှိတွင်  မြန်မာကြက်တောင်မယ် သက်ထားသူဇာသည်  ဖိလစ်ပိုင် နိုင်ငံ၌ ကျင်းပမည့် ဆီးဂိမ်းအကြို ပြင်ဆင်မှုအဖြစ် မလေးရှားနိုင်ငံ၌ လေ့ကျင့်မှုများ ပြုလုပ်နေ ကြောင်း သိရသည်။          

TZW

 

Read 39 times Last modified on Friday, 08 November 2019 10:14