SJ WorldNews - шаблон joomla Авто

မြန်မာ ယူ-၁၉ အမျိုးသား အသင်း ခံစစ်ပိုင်းအမှားကို ပြင်ဆင်၍ လက်ကျန်နှစ်ပွဲတွင် ရလဒ်ကောင်းရန် ကြိုးစားမည်

Friday, 08 November 2019 10:15 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

မြန်မာ  ယူ-၁၉  အမျိုးသားအသင်း အနေဖြင့် အုပ်စုအဖွင့်ပွဲစဉ်မှ ခံစစ်ပိုင်း အမှားကိုပြင်ဆင်၍ လက်ကျန်နှစ်ပွဲတွင် ရလဒ်ကောင်းရန် ကြိုးစားမည်ဖြစ်ကြောင်း နည်းပြချုပ် ဦးစိုးမြတ်မင်းကပြောသည်။

ရန်ကုန်မြို့ရှိ သုဝဏအားကစားကွင်း၌ နိုဝင်ဘာ ၆ ရက်ကယှဉ်ပြိုင်ခဲ့သည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (ဈ) အဖွင့်ပွဲတွင် အိမ်ရှင်မြန်မာ အသင်းသည် တရုတ်အသင်း ကို   အပြန်အလှန် ကစားနိုင်သော်လည်း ခံစစ်ပိုင်း အားနည်းချက်ကြောင့်  ဂိုးများ ပေးခဲ့ရကာ၂ ဂိုး - ဂိုးမရှိဖြင့်  ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် မြန်မာအသင်း တိုက်စစ်မှူးများ အပိုင်ဂိုးသွင်းခွင့် တချို့ရရှိသော်လည်း အဆုံးသတ်အားနည်းမှုကြောင့်  နစ်နာခဲ့ရသည်။

““ခံစစ်ပိုင်း  အမှားတွေရှိတာကြောင့် ဂိုးတွေ ပေးလိုက်ရတာပါ။  ကစားသမား တွေအနေနဲ့ ဖန်တီးမှုတွေ ပြုလုပ်နိုင်ပေ မယ့်  ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိပါဘူး။ နောက်ပွဲတွေမှာ အမှားတွေပြင်ပြီး အကောင်းဆုံး ကြိုးစား ကစားမှာပါ”” ဟု ဦးစိုးမြတ်မင်းက ပြောသည်။

အုပ်စု အဖွင့်ပွဲ၌  ရှုံးနိမ့်သည့် အတွက် မြန်မာအသင်းသည်     လက်ကျန်ပွဲစဉ်နှစ်ပွဲတွင်   ပိုမိုခက်ခဲ နိုင်ဖွယ်ရှိကြောင်း  ဦးစိုးမြတ်မင်းက ပြောသည်။

အုပ်စု (ဈ) တခြားပွဲစဉ်၌ တောင်ကိုရီးယား အသင်းက စင်ကာပူအသင်းကို ၁၁ ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိပြီး အာရှ  ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (ဈ) အဖွင့်ပွဲစဉ် အပြီးတွင်  တောင်ကိုရီးယား အသင်းနှင့် တရုတ်အသင်းတို့က  ရမှတ်သုံးမှတ်စီဖြင့်  အုပ်စု ပထမနှင့်  ဒုတိယနေရာ၌  ရပ်တည် နေသည်။

 မြန်မာအသင်းနှင့် စင်ကာပူအသင်း တို့က  နိုင်ပွဲ မရရှိဘဲ  အုပ်စု တတိယနှင့်  စတုတနေရာ၌ ရပ်တည်နေသည်။ မြန်မာ အသင်းသည် အုပ်စု လက်ကျန်ပွဲများအဖြစ် နိုဝင်ဘာ ၈ ရက်  ညနေ ၆ နာရီတွင်    တောင်ကိုရီးယား အသင်း၊ နိုဝင်ဘာ ၁၀ ရက်  ညနေ ၆ နာရီတွင် စင်ကာပူအသင်း တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၂၀၂၀ အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် အုပ်စု ၁၁ခုမှ အုပ်စုပထမ ၁၁သင်းနှင့် အကောင်းဆုံး ဒုတိယ လေးသင်း  စုစုပေါင်း  ၁၅သင်းက ခြေစစ်ပွဲအဆင့် အောင်မြင် မည်ဖြစ်ကြောင်း သိရသည်။                   

TZW

Read 32 times Last modified on Friday, 08 November 2019 10:16