SJ WorldNews - шаблон joomla Авто

ဂိုးသွင်းပြီး အောင်ပွဲမခံခြင်းမှာ အန်ဒရေးဂိုမက်စ်အတွက် လေးစားမှုကို ပြသခြင်းဟု ဆွန်ယောင်မင်ဆို

Saturday, 09 November 2019 16:42 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ ဘောလုံး

ရက်ဒ်စတား ဘဲလ်ဂရိတ်အသင်းကို အဝေးကွင်း၌ လေးဂိုးပြတ် အနိုင်ရသည့်ပွဲစဉ်တွင် နှစ်ဂိုးသွင်းခဲ့သော  စပါးအသင်းမှ တောင်ကိုရီးယား တိုက်စစ်မှူး ဆွန်ယောင်မင်က ဂိုး သွင်းပြီးအောင်ပွဲမခံခြင်းမှာ ပြီးခဲ့သည့် သီတင်းပတ်ကုန်က မိမိနှင့် ထိခိုက်မိခြင်းကြောင့် ခြေချင်းဝတ်နောက်ပြန် လည်ထွက်သွားသော အဲဗာတန် ကွင်းလယ်ကစားသမား အန်ဒရေးဂိုမက်စ် အတွက် ရည်ရွယ်သည်ဟု ပြောသည်။

ယခုဂိုးသွင်းပြီးနောက် တောင်းပန်ဟန်လုပ်ပြခဲ့သော ဆွန်ယောင်မင်က ''ကျွန်တော် အောင်ပွဲမခံချင်ပါဘူး။  ဖြစ်နေတဲ့ အခြေအနေမှာ လေးစားမှုကို ပြသတဲ့သဘောပါ။   တောင်းပန်ပါတယ်ဂိုမက်စ်။ ဒါပေမဲ့ အသင်းအတွက် အာရုံစိုက်ကစားပေးရမှာပဲ''ဟု ပြောသည်။

Ref:BBC

Read 21 times Last modified on Saturday, 09 November 2019 16:43