SJ WorldNews - шаблон joomla Авто

အာစင်ဝင်းဂါးကို ရာသီကုန်အထိ နည်းပြအဖြစ် ဘိုင်ယန်ခန့်အပ်လို အသက် ၇ဝ အရွယ်တွင် နည်းပြလုပ်ရန် အိုလွန်းပြီဟု ဒက်ဆာလီဖွင့်ဟ

Saturday, 09 November 2019 16:43 font size decrease font size decrease font size increase font size increase font size

မြူးနစ်၊ ဘောလုံးနည်းပြ

ပြီးခဲ့သည့် သီတင်းပတ်ကုန်က  ဖရန့်ဖတ်ကို ၅ ဂိုး-၁  ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်  နည်းပြ ကိုဗက်ကို ထုတ်ပယ်လိုက်သော ဂျာမန်ထိပ်သီး ဘိုင်ယန်အသင်းသည် နောက်ထပ် ရေရှည်ခန့်အပ်မည့် နည်းပြသစ် မတိုင်မီ ယခုရာသီကုန်အထိ အသင်းကို နည်းပြပေးရန်  အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါးကို ခန့်အပ်လိုကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်း    အမှုဆောင်ချုပ် ရူမီနစ်ဂီသည်  ယခုတစ်ပတ်အတွင်း  ဝင်းဂါး ကို ရာသီကုန်အထိ  နည်းပြအဖြစ် တာဝန်ပေးရန် ဆွေးနွေးမည်ဖြစ်ကြောင်း သတင်း များက ဖော်ပြနေပြီး ရာသီကုန်တွင် အေဂျက်ဇ် အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်အား နည်းပြသစ်အဖြစ် ခန့်အပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

တန်ဟက်ဂ်သည် ဘောလုံးရာသီမကုန်မီ အေဂျက်ဇ်အသင်းမှ ထွက်ခွာလိုခြင်း မရှိပေ။ ဝင်းဂါးသည် ၂ဝ၁၈ ခုနှစ်တွင် ၂၂ နှစ်ကြာနည်းပြခဲ့သော အာဆင်နယ်အသင်းမှ  ထွက် ခွာခဲ့ပြီးနောက် ယခုအထိ မည်သည့်နည်းပြ အလုပ်မျှမလုပ်ဘဲ အနားယူနေသူဖြစ် သည်။ ဝင်းဂါးသည် နည်းပြဘဝတွင် ထိပ်တန်းကစားသမားများကို ကောင်းစွာ စီမံထိန်း ချုပ်နိုင်ပြီး လက်ရှိ ဘိုင်ယန်အသင်းမှ အဓိကတိုက်စစ်မှူး ဂနာဘရီကိုလည်း မွေးထုတ် ပေးခဲ့သူဖြစ်သောကြောင့် ဘိုင်ယန်အသင်းက ယခုရာသီတွင် အောင်မြင်နိုင်ရေး အတွက် ယာယီနည်းပြ စေလိုခြင်း ဖြစ်သည်။

သို့သော် ပြင်သစ်ခံစစ်မှူးဟောင်း မာဆယ်ဒက် ဆာလီက ဝင်းဂါးသည် အသက် ၇ဝ ရှိနေပြီဖြစ်၍ ဘိုင်ယန်နည်းပြလုပ်ရန် အိုလွန်းနေပြီဟု သုံးသပ်ပြောသည်။  ချယ်လ်ဆီး ခံစစ်မှူးဟောင်းလည်းဖြစ်ပြီး ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားရရှိစေရန် စွမ်းဆောင်ပေး နိုင်ခဲ့သော ဒက်ဆာလီက''ဝင်းဂါးအနေနဲ့ အသက် ၇ဝ ရှိနေပြီဖြစ်လို့ ဘိုင်ယန် ခုံတန်း မှာ  နည်းပြလုပ်ဖို့  မသင့်တော့ဘူး'' ဟုပြောသည်။

ဝင်းဂါးသည် ဖီဖာနည်းစနစ်ဆိုင်ရာ အကြီးအကဲရာထူးကို လက်ခံတော့မည်ဟုလည်း သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။ 

Ref:Dailymail

Read 25 times Last modified on Saturday, 09 November 2019 16:44