SJ WorldNews - шаблон joomla Авто

နာပိုလီအသင်းဥက္ကဋ္ဌက နည်းပြနှင့် ကစားသမားများကို တရားစွဲမည်

Saturday, 09 November 2019 16:44 font size decrease font size decrease font size increase font size increase font size

နေပယ်၊ ဘောလုံး

နာပိုလီအသင်းသည် ဆဲလ်ဘတ်နှင့်တစ်ဂိုးစီ သရေကျသော ချန်ပီယံလိဂ် အိမ်ကွင်းပွဲ အပြီး နာပိုလီအသင်းဥက္ကဋ္ဌ လော်ရန်းတစ်က ကစားသမားများအားလုံး လေ့ကျင့်ရေး ကွင်းသို့ပြန်လာရန် အမိန့်ထုတ်ခဲ့သော်လည်း ကစားသမားအားလုံးနှင့် နည်းပြအန် ဆယ်လော့တီတို့သည် အမိန့်ကိုမနာခံဘဲ အသင်းဘတ်စကားဖြင့် ပြန်မလိုက်သလို သီး သန့်ပြန်သွား၍ အသင်းဥက္ကဋ္ဌက တရားစွဲမည်ဟု သိရသည်။

နာပိုလီအသင်းသည် အန်ဆယ်လော့တီကို ချက်ချင်း စာချုပ်ဖျက်သိမ်းပြီး ကစားသမား များကိုလည်း  တရားစွဲဆိုရန် လော်ရန်းတစ်က    ရှေ့နေများ    ငှားရမ်းစီစဉ်နေသည် ဟု ဂဇက်တာဒယ်လိုစပို့တ် သတင်းစာက ဖော်ပြသည်။

နာပိုလီအသင်းသားများသည် ရာသီအစရလဒ်များ ကောင်းမွန်ခြင်းမရှိသည့် အချိန်တွင် နည်းပြလုပ်ပိုင်ခွင့်များကို ဥက္ကဋ္ဌလော်ရန်းတစ်က ဝင်ရှုပ်နေသဖြင့် မကျေမနပ် ဆန့်ကျင် နေကြခြင်းဖြစ်ကာ လော်ရန်းတစ်ဘက်ကလည်း စာချုပ်ကို အသုံးချပြီး ကစားသမား များအား တရားစွဲရန် စီစဉ်နေခြင်းဖြစ်သည်။                         

Ref:Dailymail

Read 23 times Last modified on Saturday, 09 November 2019 16:45