SJ WorldNews - шаблон joomla Авто

နည်းပြအမ်မရီနေရာတွင် မော်ရင်ဟိုအစားဝင်လာမည်ဆိုသော သတင်းများ ထွက်ပေါ်

Saturday, 09 November 2019 16:45 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ ဘောလုံးနည်းပြ

အာဆင်နယ်အသင်းသည် နိုဝင်ဘာ ၇ ရက်နံနက်က ယူရိုပါလိဂ်ပွဲ၌ ဗစ်တိုးရီးယား အသင်းကို  ပွဲပြီးရန်  ၁ဝ  မိနစ်အလိုတွင် ခံစစ်မှူး မူစတာဖီ၏ သွင်းဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သော်လည်း ပွဲပြီးခါနီး ဒူရာတီ၏ သွင်းဂိုးဖြင့် ချေပဂိုးပေးလိုက်ရခြင်းကြောင့်  နောက်ဆုံး လေးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ရသည်။

ထို့အတွက် နည်းပြ အမ်မရီနေရာ၌ မန်ယူနှင့် ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟို အစားဝင်တော့မည်ဟု သတင်းများ ထွက်ပေါ်လာသည်။ သို့သော် အမ်မရီက မော်ရင် ဟို မိမိနေရာဆက်ခံမည်ဆိုသော သတင်းများကို ငြင်းဆိုကာ ''ကျွန်တော်က အသင်း နည်းပြပဲ။

ဒီပြိုင်ပွဲအတွင်းမှာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အုပ်စုဗိုလ်ဖြစ်ဖို့ပဲ။ အခုလည်း အုပ်စုမှာ  ဦးဆောင်နေသေးပြီး  ဒီပွဲရလဒ်က သိပ်မကောင်းလှပေမယ့်   လက်ကျန်နှစ်ပွဲ မှာ လိုချင်တဲ့ ရလဒ်ရအောင် စွမ်းဆောင်နိုင်မှာပါ'' ဟု ပြောသည်။

အဆိုပါပွဲတွင် အဓိကကွင်းလယ် ကစားသမား ဆီဘယ်လော့စ်သည် တံကောက်ကြော ဒဏ်ရာကြောင့် ဒုတိယပိုင်းတွင် လူစားလဲခဲ့ ရပြီး နည်းပြအမ်မရီက စိုးရိမ်စရာရှိသော် လည်း သေးငယ်သည့် ဒဏ်ရာသာဖြစ်မည်ဟု ပြောသည်။                          

Ref:Metro

Read 21 times Last modified on Saturday, 09 November 2019 16:46