SJ WorldNews - шаблон joomla Авто

တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ရှမ်းပြည်နယ် အသင်းနှင့် ဧရာဝတီတိုင်း ဒေသကြီး အသင်းတို့ ဗိုလ်လုပွဲ၌ တွေ့ဆုံ

Sunday, 10 November 2019 11:15 font size decrease font size decrease font size increase font size increase font size

၂ဝ၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြသည်။

ယနေ့ပွဲစဉ်များအဖြစ်  နံနက် ၇ နာရီခွဲတွင်  ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ဧရာဝတီတိုင်းဒေသကြီး အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီး အသင်းက ကရင်ပြည်နယ်အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

အလားတူ ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌  ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ   ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး  နိုဝင်ဘာ ၁၂ ရက်တွင် တတိယလုပွဲ ပွဲစဉ်အဖြစ် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကရင်ပြည်နယ် အသင်းနှင့် မွန်ပြည်နယ်အသင်း၊  ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ဧရာဝတီတိုင်းဒေသကြီး အသင်းနှင့် ရှမ်းပြည်နယ် အသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပြီး ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲ အခမ်းအနားကို  ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မောင်မောင်စိုး

Read 13 times Last modified on Sunday, 10 November 2019 11:16