SJ WorldNews - шаблон joomla Авто

ဘီလ်ဘာအိုနှင့်ပွဲတွင် လီဗန်တေးအသင်း ဂိုးသမား အခက်တွေ့ဖွယ်ရှိနေ

Sunday, 10 November 2019 13:18 font size decrease font size decrease font size increase font size increase font size

နိုဝင်ဘာ ၁ဝ ရက်ညတွင် စပိန်နိုင်ငံတောင် ပိုင်းသို့သွားကာ  ဘီလ်ဘာအိုနှင့် လာလီဂါ အဝေးကွင်းပွဲ ကစားရမည့် လီဗန်တေးအသင်း သည်    ထိုပွဲ၌    ဂိုးသမားအခက်တွေ့ဖွယ်ရှိနေကြောင်း သိရသည်။  စပိန်နိုင်ငံ၌  ယခုသီတင်းပတ်ကုန်တွင် အထွေထွေရွေးကောက်ပွဲရှိနေရာ လီဗန်တေးဂိုးသမား အိုင်တာဖာနန်ဒက်ဇ်သည် ဒေသတွင်းမဲရုံ၌ မဖြစ်မနေ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည့်အတွက် လီဗန်တေးအသင်းနှင့်  မလိုက်နိုင်ခြင်း ဖြစ်သည်။  ထို့ပြင် ဂိုးသမား အိုလာဇာဘယ်သည်လည်း  ဒဏ်ရာပြဿနာ ရှိနေခြင်းကြောင့် လီဗန်တေးနည်းပြ ပါကိုလိုပက်ဇ်အတွက် ခေါင်းခဲစရာဖြစ်နေရာ လူငယ်အသင်းမှ ဂိုးသမားကို ခေါ်သွားမည်ဟု သိရသည်။

Ref:AS

Read 8 times Last modified on Sunday, 10 November 2019 13:18