SJ WorldNews - шаблон joomla Авто

စီရော်နယ်ဒိုကို လူစားလဲခဲ့ခြင်းအတွက် နည်းပြဆာရီရှင်းလင်း

Sunday, 10 November 2019 13:19 font size decrease font size decrease font size increase font size increase font size

ဂျူဗင်တပ်စ်အသင်းသည်  လိုကိုမိုးတစ်မော်စကိုကို ၂ ဂိုး - ၁ ဂိုးဖြင့်  အနိုင်ရသည့် ချန်ပီယံလိဂ်ပွဲတွင် ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုအတွက် ဒေါသထွက်စရာများ ဖြစ်ခဲ့ပြီး ပွဲချိန်  ၈၂  မိနစ်တွင် လူစားလဲခံရခြင်း အတွက်လည်း   နည်းပြဆာရီအပေါ် မကျေနပ်ကြောင်း အမူအရာ ပြသခဲ့သည်။

ထိုပွဲတွင်   ဂျူဗင်တပ်စ်အသင်းရရှိသော ပထမသွင်းဂိုးမှာ  စီရော်နယ်ဒို၏  ဖရီးကစ်ကို လိုကိုမိုးတစ်မော်စကိုဂိုးသမား   ချော်ဖမ်းမိရာမှ  ဂိုးစည်းပေါ်   ကျော်လုအနေအထားအရောက် ရမ်ဆေးက ဝင်ကန်ကာ ဂိုးသွင်းခဲ့ခြင်း ဖြစ်သည်။ ထိုဂိုးကို   ရမ်ဆေးသွင်းသည့်ဂိုးဟု သတ်မှတ်လိုက်၍  စီရော်နယ်ဒိုသည်  ရီးယဲလ်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ရာအူးရ်နှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ တင်ရှိထားသောစံချိန်ကို  ချိုးဖျက်နိုင်သည့် အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့်  ဂိုးဝင်စဉ် စီရော်နယ်ဒို ပြုံးခဲ့သော်လည်း နောက်ပိုင်း စိတ်မကျေနပ်သည့် အမူအရာပြခဲ့၍  ရမ်ဆေးက ''ဂိုးသမားက ပြန်ဖမ်းမိနိုင်တဲ့ အနေအထား ဖြစ်နေသေးလို့ သေချာအောင် ဂိုးထဲကန်သွင်းခဲ့တာပါ။ စီရော်နယ်ဒိုစံချိန် မချိုးနိုင်ခဲ့လို့ သူ့ကိုတောင်းပန်ပါတယ်'' ဟု ပြောသည်။

ပွဲချိန် ၈၂ မိနစ်တွင် စီရော်နယ်ဒိုလူစားလဲ ခံရခြင်းမှာ နည်းပြဆာရီက ''သူ့မှာ ဒူးဒဏ်ရာနည်းနည်းနဲ့ ကြွက်သားဒဏ်ရာရှိနေလို့ လဲခဲ့ရတာပါ'' ဟု ပြောသည်။

Ref:BT

Read 16 times Last modified on Sunday, 10 November 2019 13:19