SJ WorldNews - шаблон joomla Авто

မန်စီးတီးအသင်း လီဗာပူးထံ အာမခံချက်တောင်း

Sunday, 10 November 2019 13:19 font size decrease font size decrease font size increase font size increase font size

နိုဝင်ဘာ ၁ဝ ရက်ညတွင် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးကွင်းသို့ သွားကစားရမည်ဖြစ်ရာ ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ပွဲအဖြစ် လီဗာပူးကွင်းသို့ သွားကစားစဉ် အသင်းသားများစီးလာသော ဘတ်စကားကို လီဗာပူးပရိသတ်များက ကွင်းအပြင်ဘက်၌  မီးကျည်များ၊ မီးခိုးဗုံးများ၊ အရာဝတ္ထုများဖြင့်  ပစ်ပေါက်သလိုမျိုး  ထပ်ကြုံရမည်ကို  စိုးရိမ်သည့်အတွက် လီဗာပူးဘက်မှ လုံခြုံရေးအာမခံချက် ပိုပေးနိုင်ရန် တောင်းဆိုထားကြောင်း သိရသည်။ ပြီးခဲ့သည့် ရာသီက ဖြစ်ပျက်ခဲ့သော ဆိုးသွမ်းမှုအတွက် လီဗာပူးအသင်းသည် မန်စီးတီးကို ပြန်လည်တောင်းပန်ခဲ့ရသည်။

ပြီးခဲ့သည့်ရာသီက ဖြစ်ပွားခဲ့သောဖြစ်စဉ်တွင် လီဗာပူးရဲတပ်ဖွဲ့မှာ ပရိသတ်ကို ထိန်းသိမ်းနိုင်ခြင်း မရှိသည့်အတွက် ဝေဖန်ခံခဲ့ရပြီး  ယခုပွဲတွင်  လီဗာပူးရဲတပ်ဖွဲ့သည်  လုံခြုံရေးအစီအမံများကို ပြင်ဆင်ထားကြောင်း သိရသည်။

Ref:Skysport

Read 16 times Last modified on Sunday, 10 November 2019 13:20