SJ WorldNews - шаблон joomla Авто

ဝါရင့်တိုက်စစ်မှူးမိုဗစ်ခ်ျ အေစီမီလန် အသင်းနှင့် စာချုပ်ထားပြီးဖြစ်ကြောင်း မေဂျာလိဂ်ကော်မရှင်နာ ဒွန်ဂရက်ဘာပြော

Sunday, 10 November 2019 13:20 font size decrease font size decrease font size increase font size increase font size

အမေရိကန် မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီ အသင်း၌ ကစားနေသော ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟင်မိုဗစ်ခ်ျသည် စီးရီးအေကလပ် အေစီမီလန်သို့ ပြောင်းရွှေ့ရန် စာချုပ်ထားပြီး ဖြစ်ကြောင်း မေဂျာလိဂ်ကော်မရှင်နာ ဒွန်ဂရက်ဘာက ပြောသည်။ အယ်လ်အေဂလက်ဆီနှင့် မိုဗစ်ခ်ျတို့၏ စာချုပ်သည် ဒီဇင်ဘာလကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ထိုစာချုပ်ကုန်ချိန်တွင် အေစီမီလန်သို့ ပြောင်းရွှေ့ကစားရန် သဘောတူထားခြင်း ဖြစ်သည်။

ဒွန်ဂရက်ဘာ၏ ပြောဆိုမှုအရ အသက် ၃၈ နှစ်ရှိပြီ ဖြစ်သော မိုဗစ်ခ်ျသည် ကစားသမားဘဝကို  ဆက်လက် ဖြတ်သန်းသွားမည်ဖြစ်ကာ  ကလပ်အသင်းများစွာက ခေါ်ယူလိုနေသော်လည်း ယခင်ကစားဖူးသည့် အေစီမီလန်သို့ သွားကစားရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ဒွန်ဂရက်ဘာက ''မိုဗစ်ခ်ျမှာ စိတ်ဝင်စားစရာ အကျင့်စရိုက်ရှိတယ်။ ဒေးဗစ်ဘက်ခမ်းလိုပဲ အရာရာကို ကျော်ဖြတ်နိုင်တဲ့ သူ့လိုကစားသမားမျိုးကို အသင်းတိုင်း လိုချင်ကြတာပဲ။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့သူ့ကို အေစီမီလန် အသင်းက ခေါ်ယူထားလိုက်နိုင်ပါပြီ'' ဟု ပြောသည်။

မိုဗစ်ခ်ျသည် ၂ဝ၁ဝ ပြည့်နှစ်တွင် ဘာစီလိုနာမှ အေစီမီလန်သို့ အငှားဖြင့် သွားကစားခဲ့ပြီး နောက်တစ်နှစ်တွင်  အပြီးသတ်ပြောင်းရွှေ့ကာ  အေစီမီလန် အတွက် ၈၅ ပွဲကစားပြီး ၅၆ ဂိုးသွင်းယူပေးထားသည်။

Ref:ESPN

Read 16 times Last modified on Sunday, 10 November 2019 13:21