SJ WorldNews - шаблон joomla Авто

ပါတီဇန်ဘဲလ်ဂရိတ်နှင့် ပွဲတွင် တိုက်စစ်ကစားပုံကို ကျေနပ်မိဟု ဆိုးလ်ရှားဖွင့်ဟ

Sunday, 10 November 2019 13:21 font size decrease font size decrease font size increase font size increase font size

ဂရင်းဝုဒ်သည် ရက်ရှ်ဖို့ဒ်ထက် ဂိုးသွင်းပိုကောင်းသူ ဖြစ်လာမည်ဟု ပေါစခိုးလ်ပြောဂရင်းဝုဒ်၊ မာရှယ်နှင့် ရက်ရှ်ဖို့ဒ်တို့၏ သွင်းဂိုး များဖြင့်   ပါတီဇန်ဘဲလ်ဂရိတ်ကို   အိမ်ကွင်း၌ သုံးဂိုးပြတ် အနိုင်ရသည့် ယူရိုပါလိဂ်အုပ်စုပွဲတွင် မိမိအသင်းကစားသော တိုက်စစ်အသားပေး ကစားဟန်သည် မိမိတည်ဆောက်နေသော ကစားဟန်မျိုးနှင့်   အလွန်နီးစပ်၍  ကျေနပ်မိသည်ဟု မန်ယူနည်းပြ ဆိုးလ်ရှားက ဖွင့်ဟပြောသည်။

မန်ယူအသင်းသည်    ထိုပွဲ၌    တစ်ပွဲလုံးကို တိုက်စစ်ပိုင်း  အကောင်းဆုံးစီးမျော ကစားသွား နိုင်ခဲ့ရာ ဆိုးလ်ရှားက ထိုသို့ပွဲတိုင်းကစားနိုင်ရန် မလွယ်ကူသော်လည်း ပုံမှန်အားဖြင့် ထိုကစားဟန် မျိုးကစားနိုင်ရန် လိုအပ်သည်ဟု ပြောသည်။

ဆိုးလ်ရှားက   ''ဒီပွဲမှာ  ကစားသွားတဲ့ပုံစံက ကျွန်တော်တို့ ကစားချင်တဲ့ဟန်မျိုး   တော်တော် လေးနီးစပ်ခဲ့တယ်။     အနိုင်ရဖို့လိုအပ်သလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုးနဲ့ ကစားနိုင်ဖို့လည်း လိုအပ်တယ်။  ပါတီဇန်အသင်းကို မလေး

စားလို့ပြောတာမျိုးတော့ မဟုတ်ပေမယ့် အသင်းကြီးတွေနဲ့ အိမ်ကွင်းပွဲတွေမှာ ဒီလိုစွမ်းဆောင်ရည်မျိုးနဲ့ နိုင်ဖို့လိုအပ်တယ်လို့  ပြောချင်ပါတယ်။ ပြိုင်ဘက်က ပရီးမီးယားလိဂ်မှာ တွေ့တဲ့ ပြိုင်ဘက်တွေနဲ့ မတူညီပေမယ့် သူတို့လည်း စည်းကမ်းတကျ ကစားနိုင်တဲ့အသင်းပါ။ ကျွန်တော် တိုက်စစ်မှူး သုံးယောက်ထားကစားခဲ့သလို သူတို့သုံးယောက်စလုံး ဂိုးသွင်းနိုင်လို့ အရမ်းကျေနပ်မိတယ်'' ဟု ပြောသည်။

အသက် ၁၈ နှစ်သာရှိသေးပြီး ယခုပွဲ  ဂိုးသွင်းနိုင်ခြင်းကြောင့် မန်ယူအသင်းကြီးတွင် သုံးဂိုးသွင်းနိုင်ပြီ ဖြစ်သည့်  ဂရင်းဝုဒ်၏  အဆုံးသတ်သေချာမှုကို     မန်ယူကွင်းလယ်ကစားသမားဟောင်း ပေါစခိုးလ်က ချီးကျူးခဲ့ပြီး ထိုပွဲတွင် နောက်ထပ် ဂိုးရမည့် အခွင့်အရေးများကို အသုံးမချနိုင်သော တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ထက် ပိုမိုဂိုးသွင်းနိုင်သူ ဖြစ်လာမည်ဟု ချီးကျူးခဲ့သည်။

ပေါစခိုးလ်က ''ရက်ရှ်ဖို့ဒ်မှာ နည်းနည်းအား နည်းတာကိုပြောရရင်  ဂိုးသွင်းမသေသပ်တာပဲ။  သူ့ထက်စာရင် ဂရင်းဝုဒ်က  ပိုပြီးဂိုးသွင်းကောင်း တဲ့သူဖြစ်လာမှာပါ'' ဟု ပြောသည်။ Ref:BBC

Read 15 times Last modified on Sunday, 10 November 2019 13:21