SJ WorldNews - шаблон joomla Авто

VUC ဖူဆယ်အသင်း ထိုင်းကလပ်မှ ဘရာဇီးကစားသမားကို ခေါ်ယူ

Sunday, 10 November 2019 13:21 font size decrease font size decrease font size increase font size increase font size

၂ဝ၁၉-၂ဝ၂ဝ   ဖူဆယ်လိဂ်ပြိုင်ပွဲအတွက်   ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် VUC ဖူဆယ်အသင်းသည် ထိုင်း ဖူဆယ်ကလပ်  Thammasat Young Blood မှ  ဘရာဇီးကစားသမား ရိုဆန်လာဒီကာဗယ်ဟိုဂျူနီယာ   ခေါ်  တိုတာကို ခေါ်ယူရန် အပြီးသတ် သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

VUC  အသင်းသည်  ဘရာဇီးကစားသမားတိုတာကို ခေါ်ယူရန် အစောပိုင်းရက်များ ကတည်းက ညှိနှိုင်းဆွေးနွေးပြီး နောက် ယခုအခါ သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်သည်။

'' VUC အသင်းမှာ ကစားခွင့်ရမှာကို ပျော်ရွှင်မိပါတယ်။   ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက ဖူဆယ်ကလပ်တွေက သိသိသာသာ တိုးတက်လာတာနဲ့ VUC အသင်းက   အာရှဖူဆယ်ကလပ်ချန်ပီယံရှစ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အသင်းဖြစ်တာကြောင့်ပါ။ အသင်းနဲ့အတူ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဖြစ်အောင် ကြိုးစားကစားသွားမှာဖြစ်ပါတယ်'' ဟု တိုတာက ပြောသည်။

တိုတာသည်  ဘရာဇီးဖူဆယ်ကလပ်ပြိုင်ပွဲများတွင်  ချန်ပီယံသုံးကြိမ်ရရှိခဲ့ပြီး အာရှနိုင်ငံများဖြစ်သည့် တရုတ်၊ အဇာဘိုင်ဂျန်၊ ကာဂျစ္စတန်နှင့်  ထိုင်းဖူဆယ်ကလပ်များတွင် ခုနစ်နှစ်ကြာ ကစားသမားဘဝကို ဖြတ်သန်းခဲ့သည်။ 

၎င်းသည်  မြန်မာနိုင်ငံသို့  ပထမအကြိမ်   လာရောက်ကစားခြင်း ဖြစ်ပြီး VUC  အသင်းကလည်း   အသင်းသမိုင်း တစ်လျှောက်  ပထမဆုံး  နိုင်ငံခြားသားကစားသမား ခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

TZW

Read 16 times Last modified on Sunday, 10 November 2019 13:22