SJ WorldNews - шаблон joomla Авто

မြန်မာ ယူ-၁၉ အသင်း၏ အသင်းလိုက်စုဖွဲ့ကစားပုံကို တောင်ကိုရီးယားနည်းပြ ချီးကျူး

Sunday, 10 November 2019 13:22 font size decrease font size decrease font size increase font size increase font size

အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စုဒုတိယ ပွဲစဉ်တွင် မြန်မာ ယူ-၁၉ အသင်းသည် အာရှထိပ်သီး တောင်ကိုရီးယားအသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့် ခဲ့သော်လည်း မြန်မာအသင်း၏  အသင်းလိုက်စုဖွဲ့ကစားပုံကို တောင်ကိုရီးယား ယူ-၁၉ အသင်း နည်းပြချုပ် ဂျောင်ဂျောင်ယုံးက ချီးကျူးခဲ့သည်။

 နိုဝင်ဘာ    ရက်က  ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်သည့် အုပ်စု (ဈ) ဒုတိယပွဲစဉ်တွင် တောင်ကို ရီးယားအသင်းက   မြန်မာအသင်းကို  ခြေစွမ်းအသာဖြင့် ကစားပြီး  ပထမပိုင်း သွင်းဂိုးများဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

ဒုတိယပိုင်းတွင်    တောင်ကိုရီးယား အသင်းသည်  ဂိုးထပ်မံရရှိရန်  ကြိုးပမ်း ခဲ့သော်လည်း မြန်မာအသင်း  ခံစစ်ပိုင်း နှင့်ဂိုးသမားတို့  ကာကွယ်နိုင်ခဲ့သည်။ ယင်းပွဲတွင် မြန်မာအသင်းသည် ခံစစ်ပိုင်း ဦးစားပေး၍   တန်ပြန်တိုက်စစ် ဖြင့်သာ ယှဉ်ပြိုင်ခဲ့သည်။

''မြန်မာအသင်းနဲ့ပွဲမှာ ရာသီဥတုကြောင့် ကစားရတာ နည်းနည်းအခက်အခဲရှိခဲ့တယ်။ ရှေ့ပွဲမှာ စင်ကာပူကို  ၁၁ ဂိုးပြတ် နိုင်ခဲ့ပေမယ့် မြန်မာအသင်းကိုတော့ နိုင်ဖို့ ခက်ခဲပါတယ်။ မြန်မာအသင်းက စင်ကာပူ ထက်သာတဲ့ အချက်တွေရှိပါတယ်''  ဟု ဂျောင်ဂျောင်ယုံးကပြောသည်။

 မြန်မာ ယူ-၁၉ အသင်းသည် အဖွင့်ပွဲတွင် တရုတ်ကို ၂ ဂိုး-ဂိုးမရှိ၊ ဒုတိယပွဲတွင် တောင်ကိုရီးယားကို ၃ ဂိုး-ဂိုးမရှိတို့ဖြင့် နှစ်ပွဲဆက် ရှုံးနိမ့်သည့်အတွက်  ခြေစစ်ပွဲ နောက်တစ်ဆင့် တက်ရောက်နိုင်ခြင်းမရှိဘဲ အုပ်စုအဆင့်ဖြင့်သာ   ကျေနပ်ခဲ့ရသည်။    အုပ်စုနောက်ဆုံးပွဲစဉ်များကို နိုဝင်ဘာ ၁ဝ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစား ကွင်း၌ ကျင်းပမည် ဖြစ်ပြီး  ညနေ ၃ နာရီ တွင်  တရုတ်နှင့်တောင်ကိုရီးယား၊  ညနေ  ၆ နာရီတွင်  အိမ်ရှင်မြန်မာနှင့်  စင်ကာပူ အသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။

ခြေစစ်ပွဲ  တိုက်ရိုက်အောင်မြင်ရေးအတွက် အုပ်စုပထမနေရာကို တရုတ်နှင့် တောင်ကိုရီးယားအသင်းတို့  အပြိုင်လုရ မည့်ပွဲစဉ်က ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်မည် ဖြစ်သည်။                            TZW

Read 18 times Last modified on Sunday, 10 November 2019 13:23