SJ WorldNews - шаблон joomla Авто

မကာအို သက်ကြီးဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဟောင်း အသင်း အနိုင်ရ

Monday, 02 December 2019 12:46 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

မကာအိုနိုင်ငံ၌ ကျင်းပသည့် သက်ကြီး ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ   အုပ်စု ဒုတိယပွဲတွင် မြန်မာ့ လက်ရွေးစင်ဟောင်း အသင်းသည်  ဂျပန်အသင်းကို  ၁ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ နိုဝင်ဘာ ၃၀ ရက်က   ယှဉ်ပြိုင်သည့်    အုပ်စု (ခ) ဒုတိယ ပွဲစဉ်တွင်    မြန်မာ့လက်ရွေးစင် ဟောင်းအသင်းနှင့်   ဂျပန်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည်။

ယင်းပွဲတွင် မြန်မာ့လက်ရွေးစင်ဟောင်း အသင်း၌  အသင်းခေါင်းဆောင် အဖြစ် မျိုးလှိုင်ဝင်း  ပါဝင်ကစားပြီး   အဓိက ကစားသမား အစုံအလင်ဖြင့်   ပွဲထွက်ခဲ့ သည်။

မြန်မာ့လက်ရွေးစင်ဟောင်း အသင်းသည် အသင်းခေါင်းဆောင် မျိုးလှိုင်ဝင်း၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့်    ဂျပန် အသင်းကို  အနိုင်ရရှိခဲ့သည်။   မြန်မာ့ လက်ရွေးစင်ဟောင်းအသင်းသည် နိုဝင်ဘာ  ၂၉ ရက်ကယှဉ်ပြိုင်သည့် အုပ်စု အဖွင့်ပွဲ တွင် ပေါ်တူဂီ အသင်းကို ၅ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သဖြင့်   အုပ်စုနှစ်ပွဲကစားအပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ်ထွက်ပေါ်ခဲ့သည်။

မကာအို    သက်ကြီးဖိတ်ခေါ် ဖလား ဘောလုံးပြိုင်ပွဲကို  နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ကျင်းပခဲ့ပြီး အိမ်ရှင်  မကာအို၊ ဂျပန်၊ တောင်ကို ရီးယား၊ တရုတ်၊   ပေါ်တူဂီ၊  တရုတ်တိုင်ပေ၊ ဟောင်ကောင် နှင့်  မြန်မာအသင်း တို့က  အုပ်စု နှစ်ခု ခွဲ၍ ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် မြန်မာ အသင်းသည် အုပ်စု (ခ) ၌ ပေါ်တူဂီ၊  ဂျပန်၊ တောင်ကိုရီးယား အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက် နေပြီး အုပ်စု (က)တွင် အိမ်ရှင် မကာအို၊  တရုတ်တိုင်ပေ၊ ဟောင်ကောင် နှင့် တရုတ်အသင်းတို့ ပါဝင်ကြောင်း သိရသည်။

TZW

Read 14 times Last modified on Monday, 02 December 2019 12:47