SJ WorldNews - шаблон joomla Авто

ဒီဇင်ဘာပထမပတ် လူထုစုပေါင်း စက်ဘီးစီးပွဲတွင် စက်ဘီးအစီးရေ ၅၅၀ ကျော်ပါဝင်ဆင်နွှဲ

Monday, 02 December 2019 13:27 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်သူ့အားကစားကွင်းရှေ့  ဗိုလ်ချုပ်လမ်းမပေါ်တွင် ၂၀၁၉ ခုနှစ်   ဒီဇင်ဘာလ ပထမပတ် လူထုစုပေါင်းစီးနင်းပွဲကို    ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ကျင်းပရာ  စက်ဘီးအစီးရေ ၅၅၀ ကျော်ပါဝင်ဆင်နွှဲကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်က စက်ဘီးစီးပွဲကို သေနတ်ပစ်ဖောက် ဖွင့်လှစ်ပေးရာ စက်ဘီးစီးသမားများက  ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက် မြောက်ဘက်ခြမ်း အိုးဘိုတောင်ရပ်ကွက်ရှိ အောင်မင်္ဂလာအ၀ိုင်း   အနောက်ဘက်သို့ ကွေ့ကာ ကားနားလမ်းအတိုင်း တောင်ဘက်ရှိမြို့ပတ်လမ်းမှ မြန်မာ့စီးပွားရေး လမ်းဆုံထိုမှတစ်ဆင့် ဗိုလ်ချုပ်လမ်းအတိုင်း ပြည်သူ့အားကစားကွင်း အရှေ့သို့ ပြန်လည်ပန်းဝင်ကြသည်။၎င်းနောက် တာဝန်ရှိသူ များက စက်ဘီးစီးပွဲ ပါဝင်သူများကို    ပြိုင်ပွဲဝင် စက်ဘီးသုံးစီးကို   မဲနှိုက်ပေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာပထမပတ် လူထုစုပေါင်း စက်ဘီးစီးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊  တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များ၊  ဖိတ်ကြားထားသူများ    တက်ရောက်ခဲ့ကြောင်းနှင့် ဒီဇင်ဘာလ လူထုစုပေါင်း စက်ဘီးစီးပွဲကို ဒီဇင်ဘာ  ၁၅ ရက်နှင့် ၂၉ ရက်တို့တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။    

Read 28 times Last modified on Monday, 02 December 2019 13:31