SJ WorldNews - шаблон joomla Авто

ငါးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာ (က)အသင်း ဗိုလ်စွဲ

Tuesday, 03 December 2019 11:51 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

ရန်ကုန် တကသိုလ်   နှစ် (၁၀၀)ပြည့် အကြို   ငါးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁ ရက်က တကသိုလ် အားကစားကွင်း၌   ကျင်းပရာ   မြန်မာ တကသိုလ် လက်ရွေးစင်ဟောင်းများ (က)အသင်းက ထိုင်း တကသိုလ် လက်ရွေးစင် ဟောင်းများအသင်းကို ၂ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

မြန်မာ (က)အသင်းအတွက် အနိုင်ဂိုး  နှစ်ဂိုးစလုံးကို ဦးမြတ်သစ်က  ပွဲချိန် ၁၆ မိနစ်နှင့် ၄၈ မိနစ်တို့တွင် သွင်းယူပေးခဲ့ ခြင်းဖြစ်သည်။

ယခုပြိုင်ပွဲတွင်  မြန်မာ (က)အသင်းသည် အုပ်စုတွင်း ရှုံးပွဲမရှိဘဲ တောင်ကိုရီးယားအသင်းကို ၄ ဂိုး - ၁ ဂိုး၊ မလေးရှား အသင်းကို  ၄ ဂိုး - ၂ ဂိုးတို့ဖြင့်  အနိုင်ရကာ ဗိုလ်လုပွဲသို့   တက်ရောက်လာပြီး တစ်ဖက်အုပ်စု(ခ)မှ   ထိုင်းအသင်းနှင့်  တွေ့ဆုံခဲ့ခြင်းဖြစ်သည်။     ယခုပွဲစဉ်တွင်  မြန်မာ(က)အသင်းသည် ထိုင်းအသင်းကို အကောင်းဆုံးယှဉ်ပြိုင် ကစား ခဲ့သည်။

ပြိုင်ပွဲကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ရန်ကုန် တကသိုလ် နှင့် ဗဟန်းမြို့နယ်ရှိ အားကစားကွင်း တို့၌ ကျင်းပခဲ့ပြီး  အိမ်ရှင် မြန်မာ (က)၊ (ခ)အသင်းနှစ်သင်း အပါအ၀င် တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံ တို့မှ တကသိုလ် လက်ရွေးစင်ဟောင်းများအသင်းတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။                 

TZW

Read 15 times Last modified on Tuesday, 03 December 2019 11:53