SJ WorldNews - шаблон joomla Авто

အသင်းသားများ မဖြစ်သင့်သည့်အမှားများလုပ်ခဲ့သည်ဟု မိမိကစားသမားများကို နည်းပြဆာရီအပြစ်တင်

Tuesday, 03 December 2019 12:05 font size decrease font size decrease font size increase font size increase font size

တူရင်၊ ဘောလုံး

ဂျူဗင်တပ်စ်အသင်းသည် ဒီဇင်ဘာ ၁ ရက်ညက အိမ်ကွင်း၌ အဆင့်(၁၃) နေရာမှ ဆက်ဆူအိုလိုကို နှစ်ဂိုးစီ သရေသာ ကစားနိုင်ပြီးနောက် နည်းပြဆာရီ သည် မိမိအသင်းသားများကို ပွဲအပြီးတွင် စက်္ကန့် ၃၀ သာစကား ပြောခဲ့ကြောင်းနှင့် ထိုပွဲတွင် ဂျူဗင်တပ်စ်အသင်းသားများ မဖြစ်သင့်သည့်အမှားများ လုပ်ခဲ့ကြောင်း အပြစ်တင်ဝေဖန်သည်။

ထိုပွဲတွင် ဂျူဗင်တပ်စ်အတွက် ခံစစ်မှူး ဘိုနုချီကအဖွင့်ဂိုးသွင်းပြီး သုံးမိနစ် အကြာမှာပင် ဂျရီမီဘိုဂါက ချေပဂိုးသွင်းကာ ဂျူဗင်တပ်စ် နောက်တန်းမှ နောက်ပြန်ပေးသည့် အမှားကျူးလွန်မိရာမှ ကာပူတိုက ဆက်ဆူအိုလိုအတွက် ဦးဆောင်ဂိုး ထပ်သွင်းခဲ့ပြီး ပွဲချိန် ၆၈ မိနစ်တွင် စီရော်နယ်ဒိုက ပယ်နယ်တီမှ ချေပဂိုးသွင်းနိုင်ခြင်းဖြစ်သည်။

ဆာရီသည် ပွဲချိန်နှောင်းပိုင်း ရမ်ဆေးနှင့်ဒိုင်ဘာလာတို့ကိုထည့်ကာ အနိုင်ဂိုးရရန်  ကြိုးစားရာ  မအောင်မြင်ခဲ့သဖြင့် ယခု ရာသီ စီးရီးအေရှုံးပွဲ မရှိ သေးသော်လည်း   အင်တာမီလန်က  စပယ်လ်ကို ၂ ဂိုး-၁ ဂိုးဖြင့်အနိုင်ရ သည့်အတွက် အမှတ်ပေး ဇယားထိပ်ဆုံးနေရာကို   တစ်မှတ်လျော့ဖြင့်  အင်တာမီလန်အား လွှဲပေးလိုက်ရသည်။

ဆာရီက ““္တလ္တာနဲ့ အက်သလက်တီကို တို့ကို  နိုင်ခဲ့တဲ့ပွဲတွေက   ဖိအား သိပ်ကြီးတဲ့ပွဲတွေဖြစ်လို့ ပင်ပန်းခဲ့ကြ တယ်။  အခုပွဲက မဖြစ်သင့်တဲ့အမှားတွေ လုပ်ခဲ့သလို ကစားပုံလည်း မကောင်းခဲ့ကြဘူး”” ဟု ပြောသည်။

Ref:DAZN

Read 13 times Last modified on Tuesday, 03 December 2019 12:05