SJ WorldNews - шаблон joomla Авто

ခြောက်ပွဲဆက်နိုင်ပွဲ ပျောက်နေသော်လည်း ထိပ်သီးလေးသင်း ၀င်မည်ဟု ယွန်းဘတ်ယုံကြည်

Tuesday, 03 December 2019 12:06 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ ဘောလုံး

နည်းပြအမ်မရီကို  ထုတ်ပယ်ပြီးနောက် အာဆင်နယ်အသင်းကို ယာယီနည်းပြအဖြစ် ပထမဆုံး တာဝန်ယူသည့်ပွဲတွင် နောဝှစ်ခ်ျ အသင်းကို နှစ်ကြိမ်တိုင် နောက်မှလိုက်ကစားရပြီး  အူဘာမီယန်း၏  ချေပဂိုးနှစ်ဂိုးကြောင့် နှစ်ဂိုးစီသရေကျခဲ့သော်လည်း အာဆင်နယ် အသင်း ယာယီနည်းပြယွန်းဘတ်က အဆင့် (၄) အတွင်းဝင်နိုင်ရန် ရာနှုန်းပြည့် မျှော်လင့် နိုင်သည်ဟုပြောသည်။

အာဆင်နယ်သည်   ပရီးမီးယားလိဂ်တွင် နောက်ဆုံး ခြောက်ပွဲဆက် နိုင်ပွဲပျောက်ဆုံး ခဲ့ပြီး အဆင့်(၄)နေရာမှ အသင်း ထက် ခုနစ် မှတ်လျော့နည်းကာ အဆင့် (၈) နေရာတွင် ရပ်တည်နိုင်သော်လည်း    ယွန်းဘတ်က  ““အသင်းပြဿနာ က  အားလုံးသိတဲ့အတိုင်း ခံစစ်ပြဿနာပေါ့။ ဒါပေမဲ့ နည်းပြတစ်ယောက် အနေနဲ့ ဖြေရှင်းဖို့လွယ်ကူပါတယ်။ တခြား အသင်းတွေက   အမှတ်တွေ ဆုံးရှုံးနေကြတယ်။ ကျွန်တော်တို့  အဆင့်(၄) အတွင်း ၀င်နိုင်မယ်လို့ ရာနှုန်းပြည့် ယုံကြည်ပါတယ်”” ဟု ပြောသည်။

ထိုပွဲတွင် အာဆင်နယ် ပယ်နယ်တီကန်ခွင့်ရရာ ပထမချေပဂိုးကို အူဘာမီယန်းကန်သွင်း မှုအား နောဝှစ်ခ်ျဂိုးသမား တင်ကရူးစ် ပုတ်ထုတ်ရာ  နောဝှစ်ခ်ျကစားသမားမက်စ်အေရွန်က  ဂိုးစည်းအတွင်း စောဝင်ပြီးရှင်းထုတ်ခဲ့၍ VAR စနစ်ဖြင့်  ပြန်ကြည့်ကာ ပယ်နယ်တီ ပြန်ကန် ခိုင်းခဲ့ရာမှ ဂိုးရသွားခြင်းကို နောဝှစ်ခ်ျ နည်းပြ ဖာကီကဝေဖန်ခဲ့သည်။    Ref:Dailymail

................

Read 16 times Last modified on Tuesday, 03 December 2019 12:07