SJ WorldNews - шаблон joomla Авто

နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး ရာသီနှင့်မန်ယူတွေ့ကြုံနေ အဆင့် (၉) နေရာရောက်နေသော်လည်း မစိုးရိမ်ဟု ဆိုးလ်ရှား ဖွင့်ဟ

Tuesday, 03 December 2019 12:07 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ၊ ဘောလုံး

မန်ယူအသင်းသည် ဒီဇင်ဘာ ၁ ရက်ညက ဗီလာအသင်းနှင့် ကစားသည့်ပွဲစဉ်တွင် နှစ်ဂိုးစီ သရေကစားနိုင်ခဲ့သဖြင့်  ပွဲစဉ် (၁၄)အပြီး ရမှတ် ၁၈ မှတ်သာရရှိသေးကာ   အမှတ်ပေးဇယား အဆင့် (၉)နေရာသို့ရောက်ရှိပြီး ၁၉၈၈-၁၉၈၉ ရာသီနောက်ပိုင်း   နှစ်ပေါင်း  ၃၀   အတွင်း   ဆိုးရွားဆုံး    ရာသီအစရလဒ်တွေ့ကြုံနေရသည်။ 

လက်ရှိ ပွဲစဉ်(၁၄) အပြီး အသင်းရပ်တည်မှု သည်  ပြီးခဲ့သည့်နှစ်က  နည်းပြ  မော်ရင်ဟို လက်ထက်ရပ်တည်မှုထက်ပင်   ပိုမို ဆိုးရွားနေ သော်လည်း ရာသီတစ်ဝက်မရှိသေး၍ ပူပန်ခြင်း မရှိဟု မန်ယူနည်းပြ ဆိုးလ်ရှားကပြောသည်။

မန်ယူအသင်းသည် နောက်လာမည့်သုံးပွဲတွင်  စပါး၊ မန်စီးတီး၊ အဲဗာတန်တို့နှင့်  ပွဲကျပ်များ ကစားရန်ရှိနေပြီး     နိုင်ပွဲ များ လိုအပ်နေရာ ဆိုးလ်ရှားက ““လက်ရှိ အမှတ်ပေးဇယားအခြေ အနေက  သိပ်ပြီးကြီးကြီးမားမားထည့်စဉ်းစား စရာမဟုတ် သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အမှတ်တွေသိပ်မကွာကြဘူး။ ကျွန်တော်ပြော ချင်တာက    ပွဲတွေ တော် တော် များများမှာ  ဦးဆောင်နိုင်ပြီးမှ   နိုင်ပွဲမရခဲ့တဲ့ဖြစ်စဉ်ကိုပါ။ ၁ ဂိုး-ဂိုးမရှိ ဒါမှမဟုတ် ၂ ဂိုး-၁ ဂိုး၊ ၃ ဂိုး-၂ ဂိုးလို ရလဒ်တွေနဲ့  ဦးဆောင်နိုင်ပြီးမှ  နိုင်ပွဲမရခဲ့တာ  ခြောက်ကြိမ်၊  ခုနစ်ကြိမ်လောက် ရှိခဲ့ပါပြီ။ ဒီလိုပွဲတွေမှာ   အနိုင်ရသင့် ပါတယ်”” ဟု ပြောသည်။

ဆိုးလ်ရှားက ““ကျွန်တော်တို့ တစ်ဖက်အသင်းကို ချက်ချင်းဂိုးပြန်ပေးနေရတာကို စိတ်မကောင်း ဖြစ်ရတယ်။  လိဂ်ပြိုင် ပွဲမှာ အသက်အငယ်ဆုံးအသင်းပါ။ ဒါပေမဲ့ နိုင်ပွဲတွေ မရခဲ့ခြင်းမှာ ဒါကို  ဆင်ခြေပေးလို့ မရပါဘူး။  ပွဲတစ်ပွဲကိုနိုင်ဖို့ထက် ရှုံးဖို့ပိုနီးစပ်ခဲ့တဲ့အနေအထားတွေလည်း အများ ကြီးမြင်ခဲ့ရတယ်။ ပထမပိုင်း ကစားပုံ လုံလောက်တဲ့ ကောင်းမွန်မှု မရှိဘူး။ ဒုတိယပိုင်းကတော့ မြင်ချင် တဲ့ကစားပုံတွေရခဲ့တယ်။ နိုင်သင့်တဲ့ဖန်တီးမှုတွေ လုပ်နိုင်ခဲ့ပြီး အခုရလဒ်နဲ့  မထိုက်တ န်ခဲ့ဘူး”” ဟု ပြောသည်။                    

Ref:The Sun

 

Read 16 times Last modified on Tuesday, 03 December 2019 12:08