SJ WorldNews - шаблон joomla Авто

အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်သည့် မြန်မာ ယူ-၂၂ အသင်းနှင့် အမျိုးသမီးအသင်းကို ဂုဏ်ပြု ဆုငွေ ချီးမြှင့်

Wednesday, 04 December 2019 09:49 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

မြန်မာအမျိုးသား ယူ-၂၂ အသင်းနှင့် လက်ရွေးစင် အမျိုးသမီးအသင်းတို့သည်   ဒီဇင်ဘာ ၂ ရက်က ယှဉ်ပြိုင်သော ပွဲစဉ်များ အပြီးတွင် အုပ်စုပထမနေရာဖြင့် အကြိုဗိုလ်လုပွဲစဉ်များသို့ တက်ရောက်နိုင်ခဲ့သည့်  အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) က  ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

MFF အနေဖြင့် ဆီးဂိမ်းပြိုင်ပွဲဝင် ကစားသမားများ   စိတ်ဓာတ်တက်ကြွစေရန်နှင့်   ကြိုးစားမှုအား ဂုဏ်ပြုသည့် အနေဖြင့်  ပြိုင်ပွဲ မစတင်မီကပင်  အကြို ဗိုလ်လုပွဲတက်ရောက်ခဲ့ပါက ဆုကြေးငွေများ ထိုက်တန် စွာချီးမြှင့် မည်ဖြစ် ကြောင်း အသင်းများအား အသိ ပေးခဲ့သည်။

ယင်းအတွက် မြန်မာ  ယူ-၂၂ အသင်းအား ဆုကြေး ငွေကျပ်  သိန်း ၅၀၀ နှင့်  လက်ရွေးစင် အမျိုးသမီး အသင်းအား ဆုကြေး ငွေကျပ် သိန်း ၂၀၀ ပေးအပ်ခဲ့သည်။ အဆိုပါ ဆုငွေများကို MFF  နာယက ဦးအောင်ကိုဝင်းက  ငွေကျပ်သိန်း ၃၅၀ နှင့် MFF ဥကဋ္ဌ ဦးဇော်ဇော်က ငွေကျပ်သိန်း ၃၅၀ ချီးမြှင့်ခဲ့သည်။

ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲဝင် အားကစားသမားများအား တစ်ဦးလျှင်  အမေရိကန် ဒေါ်လာ  ၂၀၀  နှုန်း  ပေးအပ်ခဲ့ရာ မြန်မာအမျိုးသား ယူ-၂၂ အသင်းနှင့်  လက်ရွေးစင် အမျိုးသမီး အသင်းတို့သည် တစ်သင်းလျှင် အမေရိကန်ဒေါ်လာ ၅၂၀၀ စီ ရရှိကြကြောင်း သိရသည်။                                

 TZW

 

Read 31 times Last modified on Wednesday, 04 December 2019 09:49