SJ WorldNews - шаблон joomla Авто

မြန်မာအသင်း အတွက် တတိယမြောက် ရွှေတံဆိပ်ဆုကို လှေလှော် အားကစားနည်းမှ ဆွတ်ခူး

Sunday, 08 December 2019 12:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဒီဇင်ဘာ ၇

ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၉ ခုနှစ် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံအသီးသီး၌ ကျင်းပလျက်ရှိရာ ယနေ့တွင် မြန်မာအသင်းက လှေလှော်အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခု၊ တိုက်ကွမ်ဒိုအားကစားနည်းမှ ကြေးတံဆိပ်နှစ်ခုနှင့် ပြေးခုန်ပစ်အားကစားနည်းမှ ကြေးတံဆိပ်တစ်ခုတို့ ဆွတ်ခူးရရှိသည်။

Subic  မြို့ Malawaan Park တွင် ကျင်းပသည့် အမျိုးသမီး ရိုးရာလှေ မီတာ ၂၀၀ လေးယောက်တွဲ ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး အသင်း ၀င်ရောက် ယှဉ်ပြိုင်ရာ ရွှေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူး ရရှိခဲ့ပြီး အမျိုးသား ရိုးရာ လှေ  မီတာ ၂၀၀   ၁၂ တက်လှော် ပြိုင်ပွဲတွင် မြန်မာ အမျိုးသား အသင်းက ကြေးတံဆိပ် တစ်ခု ထပ်မံ ဆွတ်ခူး ရရှိခဲ့သည်။

အလားတူ Subic မြို့  Malawaan Park ၌ကျင်းပသည့် မီတာ ၂၀၀ ကနူး တစ်ယောက်လှော် ပြိုင်ပွဲတွင်  မြန်မာမှ မျိုးလှိုင်ဝင်းက  ငွေတံဆိပ် တစ်ခု ရရှိခဲ့ပြီး အနောက်တိုင်း လှေမီတာ ၁၀၀၀ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် နီလာဝင်းနှင့် ရွှေဇင်လတ်တို့က ကြေးတံဆိပ် တစ်ခု ထပ်မံ ရရှိခဲ့သည်။

ထို့အတူ Maragondon Cavite ၌ ကျင်းပသည့်   Skate Boarding အားကစားနည်း အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲတွင် မြန်မာမှ သော်တာရှိုင်းသက်က အဆင့်(၆) နေရာနှင့် အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲတွင်  မြန်မာမှ  ထက်မြတ်နိုင်က အဆင့်(၁၀)နေရာတို့ ရရှိခဲ့သည်။

ထို့ပြင်  အမျိုးသား ဘောလုံးပြိုင်ပွဲကို ဒေသစံတော်ချိန် ၄ နာရီအချိန် မြန်မာ စံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် မြန်မာယူ-၂၂ အသင်း နှင့် အင်ဒိုနီးရှား အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ   မိနစ် ၉၀ တွင် တစ်ဖက် နှစ်ဂိုးစီ သရေကျ နေသဖြင့်   အချိန်ပို ဆက်လက် ယှဉ်ပြိုင်ရာ အင်ဒိုနီးရှား အသင်းက ၄ ဂိုး ၂ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။

Rizal Memorial Sports Complex Court-1 ၌ကျင်းပသည့်    တိုက်ကွမ်ဒို အားကစားနည်း  အမျိုးသား တစ် ဦးချင်း ကကွက်ပြိုင်ပွဲတွင် မြန်မာမှ ဆန်းရှိုင်းက ကြေးတံဆိပ် တစ်ခု ရရှိခဲ့ပြီး   အမျိုးသား တစ်ဦးချင်း  Free Style Poomsae ပြိုင်ပွဲတွင်  မြန်မာမှ ဖုန်းသက်နိုင်က ကြေးတံဆိပ်တစ်ခု ထပ်မံ ရရှိခဲ့သည်။ Manila Hotel Tent ၌ ကျင်းပသည့် တစ်ဦးချင်း ဘိလိယက် ကွာတားဖိုင်နယ် ပွဲစဉ်တွင် မြန်မာနှင့် အင်ဒိုနီးရှားတို့ ယှဉ်ပြိုင် ကစားကြရာ  မြန်မာမှ နေသွေးဦးက သုံးပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ် တက်ရောက် ခဲ့သည်။

အလားတူ Parade Grounds, Clark City ၌ ကျင်းပသည့် မြားပစ်အားကစားနည်း ကွာတားဖိုင်နယ် ပွဲစဉ်ကို ယှဉ်ပြိုင် ကစားရာ Compound men Team, Women Team, Mixed Team, Men Individual ပွဲစဉ်များ တွင် ရှုံးနိမ့်ခဲ့ပြီး Compound Women Individual ပွဲစဉ်တွင်  စုစုလှိုင်က စင်ကာပူ ကစားသမား နှင့် တတိယ နေရာလုပွဲ အတွက် ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ထို့ပြင်  Laus Group Event Centre ၌ ကျင်းပ သည့် ဂျူဒို အားကစား ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် အမျိုးသား အသင်းလိုက် ပြိုင်ပွဲတွင် မြန်မာအသင်းက အင်ဒိုနီးရှား အသင်းကို ရှုံးနိမ့်ခဲ့ပြီး   အမျိုးသမီး အသင်းလိုက် ပြိုင်ပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို ရှုံးနိမ့် ခဲ့သည်။

ထို့အတူ   New Clark Athletics Stadium ၌ကျင်းပသည့်   အမျိုးသား မီတာ ၂၀၀ လူရွေးချယ်ပွဲတွင် မြန်မာမှ ကစားသမား လွင်မိုးက ရှုံးနိမ့်ခဲ့ပြီး အမျိုးသား ကြိုးတပ်သံလုံးပစ် ပြိုင်ပွဲတွင် မြန်မာမှ ရဲထက်အောင်က  ကြေး တံဆိပ် တစ်ခု ထပ်မံ ရရှိခဲ့သည်။

မနီလာမြို့ရှိ   Muntinlupa Sports Complex ၌ ကျင်းပသည့် အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ပြိုင်ပွဲ ကွာတား ဖိုင်နယ် ပွဲစဉ်တွင် မြန်မာမှ  သက်ထားသူဇာက ပြိုင်ဘက် အင်ဒိုနီးရှား ကြက်တောင်မယ် ကို နှစ်ပွဲ ပြတ်ဖြင့် ရှုံးနိမ့် ခဲ့သည်။

အလားတူ SAN Juan Arena ၌ ကျင်းပသည့် နှစသမအျ အားကစားပြိုင်ပွဲ အုပ်စု Esports တွင်း ပြိုင်ပွဲ တွင် လည်း မြန်မာ အသင်းနှင့် ထိုင်းအသင်းတို့   ယှဉ်ပြိုင် ကစားကြရာ မြန်မာ အသင်းက ရှုံးနိမ့် ခဲ့သည်။ 

ယနေ့ အထိ ဆုတံဆိပ် ရရှိမှုမှာ ရွှေသုံးခု၊ ငွေ ၁၁ ခု၊ ကြေး ၂၅ ခု ရရှိပြီး မြန်မာနိုင်ငံ အနေဖြင့် အဆင့်(၇) နေရာတွင် ရပ်တည် နေကြောင်း သိရသည်။           

(၅၀၀)

Read 58 times Last modified on Sunday, 08 December 2019 12:24