SJ WorldNews - шаблон joomla Авто

ဖိလစ်ပိုင်ဆီးဂိမ်း ဘိလိယက်အမျိုးသားတစ်ဦးချင်း 9-Ball Pool ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် ရွှေတံဆိပ်ဆုရယူ

Wednesday, 11 December 2019 09:24 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘိလိယက်

အကြိမ်(၃ဝ)မြောက် ဖိလစ်ပိုင်ဆီးဂိမ်း ဘိလိယက်အမျိုးသားတစ်ဦးချင်း  9-Ball Pool ပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁ဝ ရက်က ကျင်းပရာ မြန်မာမှ ဘုန်းမြင့်ကျော် က ရွှေတံဆိပ်ဆုရယူပေးနိုင်ခဲ့ကြောင်း သိရသည်။

ဘိလိယက်အမျိုးသားတစ်ဦးချင်း 9- Ball Pool၊ ပြိုင်ပွဲများကို ဒီဇင်ဘာ ၉ ရက်က စတင်ကျင်းပခဲ့ရာ ဘုန်းမြင့်ကျော် သည် ကွာတားဖိုင်နယ်တွင်  လက်ရည်အသာဖြင့်  ယှဉ်ပြိုင်ကစားပြီး   ဆီမီးဖိုင်နယ်တွင်  စင်ကာပူနိုင်ငံသား ပြိုင်ဘက်နှင့်  တွေ့ဆုံကာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားရာတွင်အနိုင်ရရှိပြီး ဖိလစ်ပိုင်ဆီးဂိမ်း ဘိလိယက် အမျိုးသား တစ်ဦးချင်း   9-Ball Pool ပြိုင်ပွဲ၏ဗိုလ်လုပွဲတွင် DO THE KIEN (ဗီယက်နမ်)နှင့်တွေ့ဆုံကာ (၉-၃)ရလဒ်ဖြင့်  အနိုင်ရ ရှိခဲ့ သည်။

အမျိုးသားတစ်ဦးချင်း 9-Ball Pool ပြိုင်ပွဲတွင် ရယူပေးခဲ့သော ရွှေတံဆိပ်ဆုသည် အကြိမ်(၃ဝ)မြောက် ဆီးဂိမ်းတွင် မြန်မာနိုင်ငံ အတွက် လေးခုမြောက်ရရှိသော   ရွှေတံဆိပ်ဆုဖြစ်ကြောင်း သိရသည်။

TZW

Read 37 times Last modified on Wednesday, 11 December 2019 09:24