SJ WorldNews - шаблон joomla Авто

ဖူဆယ်လိဂ်ပြိုင်ပွဲတွင် MIU VUC နှင့်GV အသင်းတို့ အမှတ်ပေးဇယားကိုဦးဆောင်

Wednesday, 11 December 2019 09:25 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဖူဆယ်

ဖူဆယ်လိဂ် ၂ဝ၁၉-၂ဝ၂ဝ အမှတ်ပေး ပြိုင်ပွဲ ပွဲစဉ်(၄)အပြီးတွင် လက်ရှိချန်ပီယံ MIU VUC နှင့်GV အသင်းတို့သည်  ရမှတ် ၁၂ မှတ်စီဖြင့် အမှတ်ပေးဇယားကို  ဦးဆောင်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ  အမျိုးသားအားကစားရုံ(၂)၌ ဒီဇင်ဘာ ၈ ရက်ကကျင်းပသည့်   ဖူဆယ်လိဂ်ပြိုင်ပွဲ  ပွဲစဉ်(၄)တွင် MIU အသင်းက ဒိုဒိုကိုကို အသင်းကို  ၇ ဂိုး-၁ ဂိုး၊ VUC အသင်းက On Doctor အသင်းကို ၇ ဂိုး-၁ ဂိုး၊ GV

အသင်းက  Dream Team  အသင်းကို  ၈ ဂိုး-၃ ဂိုးတို့ဖြင့် အသီးသီး အနိုင်ရခဲ့သည်။

တခြားပွဲစဉ်များတွင် မြို့မ JY အသင်း က AMM Brothers အသင်းကို ၆ ဂိုး-၄ ဂိုး၊ Winner အသင်းက လက်ဝဲသုန္ဒရ အသင်းကို ၅ ဂိုး-၁ ဂိုး၊ မြန်မာ ယူ-၁၉ အသင်းက  ဖူဆယ်ချစ်သူ အသင်းကို ၁၁ ဂိုး-၃ ဂိုးတို့ဖြင့် အသီးသီး အနိုင်ရရှိ ခဲ့သည်။

MIU VUC နှင့်GV အသင်းတို့သည်  လေးပွဲစလုံးအနိုင်ရပြီး ၁၂ မှတ်စီတူညီနေသော်လည်း ဂိုးကွာခြားချက် အသာရသည့်  VUC အသင်းက အဆင့်(၁)၊ VUC အသင်းက အဆင့်(၂)နှင့် GVအသင်းက အဆင့်(၃)နေရာ၌ ရပ်တည် နေသည်။

ဖူဆယ်လိဂ် ပွဲစဉ်(၅)ကို ဒီဇင်ဘာ ၁၁ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး ဖူဆယ်ချစ်သူနှင့် ဒိုဒိုကိုကိုအသင်း၊ မြန်မာ ယူ-၁၉ နှင့် Winner အသင်း၊ MIU  နှင့် On Doctor အသင်း၊ VUC နှင့် Dream Team အသင်း၊ GV နှင့် AMM Brothers အသင်း၊ မြို့မ JY နှင့် လက်ဝဲ သုန္ဒရ အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၂ဝ၂ဝ ဖူဆယ်လိဂ် အမှတ်ပေးပြိုင်ပွဲတွင် အသင်းပေါင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိပြီး နှစ်ကျော့စနစ်ဖြင့် ကျင်းပ နေခြင်းဖြစ်ကြောင်း သိရသည်။ 

TZW

Read 36 times Last modified on Wednesday, 11 December 2019 09:25