SJ WorldNews - шаблон joomla Авто

သက်ထားသူဇာ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ အတွင်း နိုင်ငံတကာပြိုင်ပွဲ သုံးပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

Wednesday, 11 December 2019 09:25 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ကြက်တောင်

၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလအတွင်း မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ ၌  ကျင်းပမည့်  နိုင်ငံတကာ ကြက်တောင် ပြိုင်ပွဲသုံးပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာက ပြော သည်။

''၂ဝ၂ဝ ပြည့်နှစ်ဇန်နဝါရီလမှာ နိုင်ငံ တကာပြိုင်ပွဲသုံးပွဲယှဉ်ပြိုင်ဖို့ရှိတယ်။ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ ကျင်းပမယ့် ပွဲတွေပါ။  မလေးရှားပွဲအတွက်  စာရင်းလည်း  သွင်းထားပြီးပါပြီ။  လာပြိုင်မယ့် ကစားသမား တချို့ကိုလည်း သိထားပြီး ပါပြီ။

လာမယ့်နိုင်ငံတကာပွဲတွေမှာ အမှားတွေ ကိုပြင်ဆင်ပြီး အောင်မြင်မှုရအောင် ကြိုးပမ်းသွားပါမယ်''ဟု သက်ထားသူဇာ က ပြောသည်။

သက်ထား သူဇာသည် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်မှ ၁၂ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပမည့် HSBC BWF World Tour Super 500 ပြိုင်ပွဲ၊ ဇန်နဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပ မည့်  Diahatsu Indonesia 2020 ပြိုင်ပွဲနှင့် ဇန်နဝါရီ ၂၁ရက်မှ ၂၆ရက်အထိ ကျင်းပမည့် HSBC BWF World Tour Super 300 ပြိုင်ပွဲ များ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ သက်ထားသူဇာသည် ဖိလစ်ပိုင်ဆီးဂိမ်းအမျိုးသမီး တစ်ဦးချင်း ကြက်တောင်ပြိုင် ပွဲ ကွာတား ဖိုင်နယ်အဆင့်တွင် အင်ဒိုနီးရှားကစားသမားကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

ယင်းရှုံးပွဲမှ အမှားများကို သင်ခန်းစာယူ၍ နိုင်ငံတကာပြိုင်ပွဲများတွင် ပိုမိုကောင်းမွန်စေရန်ကြိုးပမ်းမည်ဖြစ်ကြောင်း သက်ထား သူဇာက ပြောသည်။                

TZW

Read 38 times Last modified on Wednesday, 11 December 2019 09:26