SJ WorldNews - шаблон joomla Авто

ရှမ်းယူနိုက်တက်အသင်း နောက်ခံကစားသမား ငြိမ်းချမ်း ဒဏ်ရာကြောင့် နှစ်ပတ်ခန့်အနားယူရမည်

Tuesday, 14 January 2020 09:04 font size decrease font size decrease font size increase font size increase font size

မန္တလေး၊ ဘောလုံး

ရှမ်းယူနိုက်တက်အသင်း   နောက်ခံကစားသမား ငြိမ်းချမ်းသည် ပြီးခဲ့သည့်မြန်မာနေရှင်နယ်လိဂ် အဖွင့်ပွဲတွင် ခြေချင်း ဝတ်ဒဏ်ရာရရှိခဲ့သည့်အတွက် နှစ်ပတ် ခန့် အနားယူရမည်ဖြစ်ကြောင်း အသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

ဇန်နဝါရီ  ၁၁  ရက်က  မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် အား/ကာ သိပ္ပံနှင့် ရှမ်းယူနိုက် တက် အသင်းတို့ပွဲစဉ်၌  ပွဲချိန် ၅၅ မိနစ်တွင် ငြိမ်းချမ်းသည် တစ်ဖက်ကစားသမားနှင့် ထိခိုက်မိကာ ညာဘက ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီး လူစားလဲခဲ့ရသည်။ အဆိုပါဒဏ်ရာ ကြောင့် ငြိမ်းချမ်းသည် ရှမ်းယူနိုက်တက် အသင်း၏ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲနှင့်  မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တချို့ကို လွဲချော်မည်ဖြစ်သည်။

''ငြိမ်းချမ်းက အား/ကာသိပ္ပံနဲ့ ပွဲမှာ  ညာဘက်ခြေချင်းဝတ်  ဒဏ်ရာရသွားပါတယ်။ အနည်းဆုံး နှစ်ပတ်လောက်တော့ နားရ မယ်လို့   ဆရာဝန်ကပြောတယ်။

ဒါကြောင့် အသင်းရဲ့ အာရှချန်ပီယံလိဂ်  ခြေစစ်ပွဲနဲ့  မြန်မာနေရှင်နယ်လိဂ်  ပွဲစဉ်တချို့ကို လွဲချော်ပါလိမ့်မယ်''ဟု က ပြောသည်။

အသက် ၂၅ နှစ်အရွယ် ငြိမ်းချမ်းသည် ယခုနှစ် ဘောလုံးရာသီတွင် ရခိုင်ယူနိုက်တက်အသင်းမှ ရှမ်းယူနိုက်တက် အသင်း သို့ သုံးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာသူ ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်း၌ ချာရတီဖလားနှင့်  လိဂ်ပွဲစဉ်(၁) တို့တွင်  ပွဲထွက် ကစားခွင့်ရရှိထားသည်။

ထို့ပြင် ငြိမ်းချမ်းသည် ပြီးခဲ့သည့် နိုဝင် ဘာလအတွင်း  ယှဉ်ပြိုင်ခဲ့သော  မြန်မာ့လက်ရွေးစင်အသင်း၏ ၂ဝ၂၂ ကမ္ဘာ့ ဖလား  ခြေစစ်ပွဲတွင်လည်း  နှစ်ပွဲစလုံး  ပွဲထွက် ကစားကာခြေစွမ်းပြနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဇန်နဝါရီ ၁၄ ရက်တွင် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲအဖြစ် ဖိလစ်ပိုင်ကလပ် ဆီးရက်စ်အသင်းနှင့်အဝေး ကွင်းပွဲစဉ် ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်တွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၂)အဖြစ် ပဲခူးကွင်း၌ ဟံသာဝတီယူနိုက် တက်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ၂ဝ၂ဝ အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ ပထမအဆင့်အဖြစ် ဇန်နဝါရီ ၁၄ ရက် မြန်မာ စံတော် ချိန် ညနေ ၆ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ၌  အိမ်ရှင်  ဆီးရက်စ်အသင်းနှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ရှမ်းယူနိုက်တက် အသင်းအနေဖြင့် ခြေစစ်ပွဲပထမအဆင့်တွင် ဆီးရက်စ်အသင်းကို အနိုင်ရခဲ့ပါက ခြေစစ်ပွဲ ဒုတိယ အဆင့်သို့ တက်ရောက်ရမည်ဖြစ်ပြီး ဒုတိယအဆင့် တွင် ထိုင်းကလပ် Port အသင်းနှင့် ဆက် လက် ယှဉ်ပြိုင် ရမည်ဖြစ်သည်။                             

TZW

Read 19 times Last modified on Tuesday, 14 January 2020 09:06