SJ WorldNews - шаблон joomla Авто

အာဆီယံ ယူ-၁၈ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပမည့်ကာလ ပြောင်းလဲ

Tuesday, 14 January 2020 09:06 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကျင်းပမည့် ကာလကို စက်တင်ဘာလသို့ ပြောင်းရွှေ့ခဲ့ကြောင်း အာဆီယံဘောလုံး အဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အာဆီယံ ယူ-၁၈ အမျိုးသမီးဘောလုံး ပြိုင်ပွဲကို မူလက မတ်လတွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း အိမ်ရှင်နိုင်ငံ၏ ဘောလုံး ကွင်းပြင်ဆင်မှုများကြောင့် စက်တင်ဘာလ သို့ ပြောင်းရွှေ့ရန်စီစဉ်ခြင်းဖြစ်သည်။ မြန်မာယူ-၁၈ အမျိုးသမီး အသင်းသည် အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်ရန် မတ်လမှစတင်၍ စခန်း သွင်းလေ့ကျင့်မှုများ  ပြုလုပ်မည်ဖြစ်ပြီး  နည်းပြချုပ် အဖြစ် ဒေါ်သက်သက်ဝင်းက  တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

'' ယူ-၁၈     အမျိုးသမီးအသင်းကို  ဒေါ်သက်သက်ဝင်းဦးဆောင်ပြီး  လက်ရှိမှာ ကစားသမား ၁ဝ ဦးကျော်လောက်နဲ့တစ်ပတ်ကို  ငါးရက်  လေ့ကျင့်နေတယ်။ ပြိုင်ပွဲကို အရင်က မတ်လဆိုပြီး ထုတ်ပြန် ထားပေမယ့် အခု စက်တင် ဘာလဖြစ်သွား လို့ ကစားသမားတွေ မစုံသေးပါဘူး။ မတ်လမှ ကစားသမားအစုံအလင်နဲ့ စခန်းသွင်း လေ့ကျင့်မှု စလုပ်မှာပါ။ အခု ကစားသမား တချို့ စာမေးပွဲရှိနေတဲ့အတွက် ရှိတဲ့ကစားသမားတွေနဲ့ပဲ လေ့ကျင့်နေတာပါ'' ဟု  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံ ရှစ်ပြိုင်ပွဲကို ၂ဝ၁၄ ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သော်လည်း နောက်ပိုင်း နှစ်များတွင် ကျင်းပနိုင်ခြင်းမရှိဘဲ ၂ဝ၂ဝ ပြည့်နှစ်တွင် ဒုတိယအကြိမ် ပြန်လည်ကျင်းပ ခြင်းဖြစ်သည်။ ၂ဝ၁၄ ခုနှစ်က ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာ ယူ-၁၈ အမျိုးသမီး အသင်းက ကြေးတံဆိပ်ဆု ရရှိခဲ့သည်။

TZW

 

Read 27 times Last modified on Tuesday, 14 January 2020 09:08