SJ WorldNews - шаблон joomla Авто

ကစားသမားများ ပြိုင်ပွဲအပေါ် အာရုံစူးစိုက်မှု အားနည်းနေသေးကြောင်း ရန်ကုန် ယူနိုက်တက်အသင်း နည်းပြချုပ် သုံးသပ်

Tuesday, 14 January 2020 09:09 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲတွင် ရန်ကုန်ယူနိုက် တက်အသင်းသည် တန်းတက် ချင်းယူနိုက်တက် အသင်းကို အနိုင်ရခဲ့သော်လည်း ကစားသမားများ ပြိုင်ပွဲအပေါ် အာရုံစူးစိုက်မှု အားနည်းနေသေး ကြောင်း အသင်းနည်း ပြချုပ် ဦးတင်မောင်ထွန်းက ပြောသည်။

ဇန်နဝါရီ   ၁၂ ရက်က  ရန်ကုန်မြို့ရှိ YUSC  မြက်ခင်းတုကွင်း၌ ကျင်းပခဲ့သည့် ယင်းပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက် အသင်း သည် ချင်းယူနိုက်တက်အသင်းကို အကြိတ် အနယ်ယှဉ်ပြိုင်ပြီး ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

''ချင်းယူနိုက်တက် အသင်းကို အနိုင်ရရှိပြီး သုံးမှတ်ရခဲ့တယ်။ ရလဒ်အရတော့ ကျေနပ်ပါတယ်။ ဒါပေမဲ့ ကစားသမား တွေ အနေနဲ့ ဒီထက်ပိုပြီးတော့ အာရုံစူးစိုက် ကစားရမယ်။ လုပ်အားနှုန်း ဒီထက်ပိုကောင်းမှရမယ်။ လက်ရှိ ကစား သမားတွေ အနေနဲ့ ပြိုင်ပွဲအပေါ် အာရုံစူးစိုက်မှု လိုအပ်ချက် တွေရှိနေသေးတယ်။ ကွင်းပြင်မှာ ကစားသမားတွေကို  သေချာ ပြင်ဆင်ပေးလိုက် တာကို သူတို့ကလည်း ကွင်းထဲမှာ သေချာ အသုံးချမှ ဂိုးတွေဒီထက် ပိုရရှိနိုင်မှာဖြစ် ပါတယ်။ ဒါကြောင့် လာမယ့်ပွဲ အတွက်  သေချာသုံးသပ် ပြင်ဆင်ပါမယ်''ဟု ဦးတင်မောင်ထွန်းကပြောသည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ပြည်တွင်း ပြည်ပ ကစားသမားသစ် ၁၁ ဦးအထိ ခေါ်ယူ၍ ပြင်ဆင်မှုများ ပြုလုပ်ထားသည်။ ရန်ကုန် ယူနိုက်တက်အသင်းသည် ဇန်နဝါရီ ၁၉ရက်တွင် မြန်မာ နေရှင် နယ်လိဂ် ပွဲစဉ်(၂) အဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားကွင်း၌ ဇွဲကပင် ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်တွင် အေအက်ဖ်စီ ဖလားပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် ဘရူနိုင်း ကလပ် အန်ဒရာ အသင်းနှင့် အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင် ရမည်ဖြစ်သည်။ အဆိုပါပွဲမှ အနိုင်ရရှိသော အသင်းသည်  အေအက်ဖ်စီ ဖလားပြိုင်ပွဲကို အုပ်စု အဆင့်မှ ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

TZW

 

Read 32 times Last modified on Tuesday, 14 January 2020 09:10