Print this page

မန္တလေး-မင်းကွန်း စက်ဘီးစီးပွဲ ကျင်းပ

Tuesday, 14 January 2020 10:20 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် မန္တလေး အပျော်တမ်း စက်ဘီးစီးအဖွဲ့နှင့် RINX MYANMARတို့ ပူးပေါင်း၍ မန္တလေး- မင်းကွန်း စက်ဘီးစီးပွဲကို ဇန်န၀ါရီ ၁၂ ရက် နံနက်ပိုင်းက    မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် (၇၈)လမ်းနှင့် (၃၃)  လမ်းထောင့်၌ ကျင်းပသည်။

ရှေးဦးစွာ   မန္တလေးတိုင်းဒေသကြီး စက်ဘီး ဆပ်ကော်မတီ  အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက  စက်ဘီးစီး အားကစားသမားများကို တာလွှတ်ပေးသည်။

ထို့နောက် အပျော်တမ်းစက်ဘီးအား ကစားသမားများက  (၇၈)လမ်းမှ ရန်ကုန်- မန္တလေးလမ်းအတိုင်း၊   ချမ်းမြသာယာ ခုံးကျော်တံတားမှ (၄၅)လမ်းအတိုင်း၊ ၎င်းမှ မန္တလေး-စစ်ကိုင်းလမ်းအတိုင်း ကန်တော်ကြီးကို ပတ်၍ မြို့ပတ်လမ်းအတိုင်း ဧရာဝတီ တံတားအထိ၊ ထိုမှတစ်ဆင့် စစ်ကိုင်း-မင်းကွန်းလမ်းအတိုင်း    ခိုတောင်ရွာမှ မင်းကွန်းပုထိုးတော်ကြီးအထိ တပျော်တပါး စက်ဘီးစီးနင်းကြသည်။ စက်ဘီးစီးနင်းပွဲတွင် TRINX Bike ဂျာစီအင်္ကျီများပေး အပ်သည်။

ဆက်လက်၍ စက်ဘီးစီး အားကစားသမားများသည် မင်းကွန်းခေါင်းလောင်းကြီး၊  မြသိန်းတန်စေတီနှင့်  ဘိုးဘွားရိပ်သာများသို့ လည်ပတ်ကြကြောင်း  သိရသည်။

Read 39 times Last modified on Tuesday, 14 January 2020 10:21