Print this page

2019 International Fighter of the Year ဆု လက်ခံရရှိသည့် ဝိတ်တန်းနှစ်ခု ချန်ပီယံ အောင်လအန်ဆန်

Wednesday, 15 January 2020 11:47 font size decrease font size decrease font size increase font size increase font size

ရန်ကုန် MMA

မြန်မာ စပါးအုံးမြွေ အဖြစ်ကျော်ကြားသောမြန်မာဂုဏ်ဆောင် MMA ကစားသမား အောင်လအန်ဆန်သည်  ဇန်နဝါရီ ၁၄ ရက်က 2019 International Fighter of the Year ဆုတံဆိပ် လက်ခံရရှိခြင်းကြောင့် အံ့သြပျော် ရွှင်မိကြောင်း ဝိတ်တန်းနှစ်ခု ချန်ပီယံ အောင်လအန်ဆန်က Facebook တွင် ရေးသားခဲ့သည်။

အောင်လအန်ဆန်သည် ၂ဝ၁၉ ခုနှစ် ဇူလိုင်လက တည်းက လက်စ်ဗီးဂတ်၌ပေးအပ်သည့်  World  MMA Awards 2019   တစ်နှစ်တာ အကောင်းဆုံး ကစားသမားများ ဆုပေးပွဲတွင် ဒန်နီရယ် ကော်မီယာ အကောင်းဆုံးဆုနှင့် နိုင်ငံ  တကာ အကောင်းဆုံး  MMA ကစားသမားဆုဖြစ်သည့်  International Fighter of the Year ဆုနှစ်ခုကို ဆွတ်ခူး ရရှိပြီး ထိုစဉ်က ရရှိသော  ဆုတံဆိပ်မှာ  အောင်လအန်ဆန်ထံ ယခုအခါမှ ရောက်ရှိ လာခြင်းဖြစ်သည်။

အောင်လအန်ဆန်က'' ဒီနေ့မနက် @sanfordmmaမှာ အသင်းဖော်တွေနဲ့ လေ့ကျင့်မှုအပြီး မမျှော်လင့်ဘဲ  @worldmmaawards ဖြစ်တဲ့  2019 International  Fighter  of  the  Year ဆုတံဆိပ်ကို လက်ခံ ရရှိခဲ့ပါတယ်။

ဒီဆုရရှိအောင်မဲပေးခဲ့ကြတဲ့  ပရိသတ်တွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ရွေးချယ်ပေးခဲ့ တဲ့အတွက် @fightersonlymag ကိုလည်း  ကျေးဇူး တင်ပါတယ်''ဟု Facebook တွင်  ရေးသားခဲ့ကြောင်း သိရ သည်။

TZW

Read 37 times Last modified on Wednesday, 15 January 2020 11:49