Print this page

မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ် အန်တွမ်နီဟေး လိဂ်ပွဲများ ကြည့်ကာ ကစားသမား ထပ်မံရွေးချယ်ရန် စီစဉ်နေ

Wednesday, 15 January 2020 11:49 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

မြန်မာ့ လက်ရွေးစင်  အမျိုးသား ဘောလုံးအသင်း နည်းပြချုပ် အန်တွမ်နီဟေးသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲ လက်ကျန် ပွဲစဉ်များ ယှဉ်ပြိုင်ရန် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်များကို ကြည့်ရှု၍ ကစားသမား ထပ်မံရွေးချယ်ရန် စီစဉ်လျက်ရှိပြီး ပြီးခဲ့သည့် ချာရတီဖလားပွဲစဉ်ကိုလည်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည်   ကမ္ဘာ့ဖလား ခြေစစ်ပွဲသုံးပွဲကစားရန်  ကျန်ရှိပြီး မတ် ၂၆  ရက်တွင်  ဂျပန် အသင်း နှင့်  အဝေးကွင်း၊ မတ် ၃၁ ရက်တွင်  ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ ဇွန် ၉ ရက်တွင် တာဂျစ် ကစ္စတန် အသင်း နှင့်   အဝေးကွင်း ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သည်  ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ  အာရှထိပ်သီး အသင်းတချို့နှင့် ခြေစမ်းပွဲ ကစားခွင့်ရရန်   ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။             

TZW

Read 41 times Last modified on Wednesday, 15 January 2020 11:50