SJ WorldNews - шаблон joomla Авто

ကြက်တောင်မယ် သက်ထားသူဇာ ကမ္ဘာ့ အဆင့် ၅၉ နေရာတွင်ရပ်တည်

Thursday, 16 January 2020 09:46 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်န၀ါရီ  ၁၅

က္ဘာ့ ကြက်တောင်အဖွဲ့ချုပ်၏ ဇန်န၀ါရီ ၁၄ ရက် က္ဘာ့ အဆင့် သတ်မှတ်ချက် ထုတ်ပြန်ချက်များအရ  မြန်မာ့ လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာအနေဖြင့် က္ဘာ့ အဆင့်လေးဆင့် မြင့်တက်လာခဲ့ပြီး က္ဘာ့ အဆင့် ၅၉ နေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

သက်ထားသူဇာအနေဖြင့် က္ဘာ့ အဆင့် ၆၃ နေရာတွင် ရပ်တည်ခဲ့ရာမှ ယခုအခါ အဆင့်သတ်မှတ်ချက်တွင် အဆင့် လေးဆင့်ပြန် လည်မြင့်တက် လာခဲ့ခြင်းဖြစ်သည်။

က္ဘာ့ ကြက်တောင်အဖွဲ့ချုပ်က လာမည့် ၂၀၂၀  တိုကျို အိုလံပစ်ပြိုင်ပွဲ  ကြက်တောင်ပြိုင်ပွဲကို  ဧပြီလ နောက်ဆုံး ထုတ်ပြန်သည့်  က္ဘာ့ အဆင့်သတ်မှတ်ချက် ၁ မှ ၁၀၀ အတွင်းဝင်ရောက်နိုင်သူများသာ ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ် သည့် အတွက် သက်ထားသူဇာအနေဖြင့် ပါဝင်ခွင့်ရရှိရန် အခြေအနေကောင်းများ ပိုင်ဆိုင်လျက် ရှိနေသော်လည်း  နိုင်ငံတကာပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

သက်ထားသူဇာသည် ဥရောပပြိုင်ပွဲများတွင်လည်း သွားရောက်ယှဉ်ပြိုင်ရန်စီစဉ်လျက်ရှိနေပြီး  လက်ရှိအချိန်တွင် မလေးရှား နိုင်ငံ၌ စခန်းသွင်း လေ့ကျင့်မှုများသွားရောက်ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။                            

ကျော်လွင်

Read 129 times Last modified on Thursday, 16 January 2020 09:47