Print this page

ဒိုင်များကို အော်ဟစ်ခဲ့သည့် ဧရာဝတီ ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းကို ပြစ်ဒဏ်ချမှတ်

Thursday, 16 January 2020 11:45 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်အဖြစ် ဇန်န ၀ါရီ ၁၁ ရက်က ပုသိမ်မြို့ ကျောက်တိုင်ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့်  ဧရာဝတီ ယူနိုက် တက်အသင်းနှင့် မကွေးအသင်းတို့ပွဲ၌ ဒိုင်လူကြီးများကို ကြမ်းတမ်းသောစကားဖြင့်  အော်ဟစ်ခဲ့သည့် အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ဧရာဝတီ ယူနိုက်တက်အသင်း  နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းကို ငါးပွဲပယ်နှင့်  ဒဏ်ကြေးငွေကျပ်ရှစ်သိန်း  ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

ယင်းပွဲတွင် ဧရာဝတီ ယူနိုက်တက်အသင်း နည်းပြချုပ်  ဦးမျိုးလှိုင်ဝင်းသည် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မကျေနပ်သည့်အတွက် အကြိမ်ကြိမ် စောဒကတက်သဖြင့် ဒိုင်လူကြီးက ပထမ အကြိမ်သတိ ပေး သော်လည်း ပထမပိုင်း အပြီး ဒိုင်များ ကွင်းအတွင်းမှထွက်လာသည့် အချိန်တွင်   ထပ်မံ စောဒကတက်သောကြောင့် အ၀ါကတ်ပြ သတိပေးမှုပြုလုပ်ခဲ့သည်။ ထို့ပြင် ဒုတိယပိုင်း ပွဲကစားချိန်အပြီး ဒိုင်လူကြီးများ  ကွင်းအတွင်းမှ ထွက်လာ ချိန်တွင်  ကြမ်းတမ်းသောစကားဖြင့် ဒိုင်လူကြီးအနီး အော်ဟစ်ပြောဆိုနေမှုကြောင့ပြိုင်ပွဲတာဝန်ရှိသူများနှင့် အသင်း တာဝန် ရှိသူများက  ၀င်ရောက်ထိန်းသိမ်းပေးခဲ့ရသည်။ ၎င်း၏အပြုအမူများနှင့် ပတ်သက်၍ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် ဇန်န၀ါရီ ၁၄ ရက်က အစည်းအဝေး ပြုလုပ်ကာ ပွဲစဉ်တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူ မေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်များ၏ အစီရင်ခံစာများကို  ဖတ်ရှုလေ့လာခြင်းနှင့်  ရုပ်သံမှတ်တမ်းများကို ပြန်လည် ကြည့်ရှုခြင်းများပြုလုပ်ပြီးနောက် ဧရာဝတီယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းအား ငါးပွဲပယ်နှင့် ဒဏ်ကြေး ငွေကျပ်ရှစ်သိန်း ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။                      

TZW

Read 38 times Last modified on Thursday, 16 January 2020 11:47