SJ WorldNews - шаблон joomla Авто

သုဝဏ္ဏကွင်း၏ မြက်ခင်းပြင် အသားကျရန် လိုအပ်သည့်အတွက် မြန်မာနေရှင်နယ် လိဂ်ပွဲစဉ် တချို့ကို ရွှေ့ပြောင်း ကျင်းပရန် စီစဉ်

Thursday, 16 January 2020 11:53 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

ရန်ကုန်မြို့ရှိ  သုဝဏ်္ဏအားကစားကွင်း မြက်ခင်းပြင်ကို  ၂၀၁၉  ခုနှစ်  နိုဝင်ဘာ ဒုတိယပတ်ကတည်းက အသစ်ခင်း ပြုပြင် မှုများပြုလုပ်ခဲ့ရာ ပြီးစီးနေပြီဖြစ်သော်လည်း  မြက်ခင်းပြင် ပိုမိုအသားကျစေရန် လိုအပ်သောကြောင့် အဆိုပါ ကွင်း၌ ကျင်းပရန် စီစဉ်ထားသည့်  မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၂)မှ ပွဲနှစ်ပွဲနှင့် ပွဲစဉ် (၃) မှ ပွဲတစ်ပွဲ တို့ကို   ပြောင်း ရွှေ့ကျင်းပမည်ဖြစ်သည်။ 

ပွဲစဉ် (၂) ပွဲစဉ်များအနက် ချင်းယူနိုက်တက်နှင့် မကွေးအသင်းတို့၏ ပွဲစဉ်၊ ဇွဲကပင်ယူနိုက်တက်နှင့် ရန်ကုန်ယူနိုက် တက် အသင်း တို့၏ပွဲစဉ်များ၊ ပွဲစဉ် (၃)မှ ဇွဲကပင်ယူနိုက်တက်နှင့်  ဧရာဝတီယူနိုက်တက်အသင်း တို့၏ပွဲစဉ်များကို ရွှေ့ပြောင်း ကျင်းပမည် ဖြစ်သည်။

ပွဲစဉ် (၂)မှ ချင်းယူနိုက်တက်- မကွေးပွဲစဉ်ကို  သုဝဏကွင်းမှYUSC ကွင်း၊ ပွဲစဉ် (၂)မှ ဇွဲကပင်ယူနိုက်တက် - ရန်ကုန် ယူနိုက်တက် ပွဲစဉ်အစား  ရန်ကုန်ယူနိုက်တက် - ဇွဲကပင်ယူနိုက်တက် ပွဲစဉ်အဖြစ်ပြောင်းလဲပြီး YUSC ကွင်းသို့ ရွှေ့ ပြောင်း ကျင်းပမည်ဖြစ်သည်။  ထိုသို့ ပြောင်းလဲလိုက်ခြင်းကြောင့် ဒုတိယအကျော့တွင်  ပွဲစဉ်  (၁၇) မှ  ရန်ကုန် ယူနိုက်တက်- ဇွဲကပင် ယူနိုက်တက်ပွဲစဉ်အစား  ဇွဲကပင် ယူနိုက်တက် - ရန်ကုန်ယူနိုက်တက် ပွဲစဉ် အဖြစ် သုဝဏကွင်း၌ ပြန်လည် ကျင်းပမည် ဖြစ်သည်။ ပွဲစဉ် (၃) မှ သုဝဏကွင်း၌ ကျင်းပရန် စီစဉ်ထားသည့် ဇွဲကပင် ယူနိုက်တက် - ဧရာဝတီ ယူနိုက်တက် ပွဲစဉ်အစား ဧရာဝတီ ယူနိုက်တက် - ဇွဲကပင် ယူနိုက်တက်အဖြစ် ပြောင်းလဲပြီး ပုသိမ်ကွင်းသို့ ရွှေ့ပြောင်း ကျင်းပမည်ဖြစ်သည်။ ထိုသို့ပြောင်းလဲလိုက်သည့်အတွက် ဒုတိယအကျော့ ပွဲစဉ် (၁၉)မှ ဧရာဝတီ ယူနိုက်တက် - ဇွဲကပင်ယူနိုက် တက်ပွဲစဉ်အစား  ဇွဲကပင်ယူနိုက်တက် -ဧရာဝတီယူနိုက်တက်ပွဲစဉ်အဖြစ်  သုဝဏကွင်းသို့  ပြန်လည်ပြောင်းရွှေ့ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

TZW

 

Read 86 times Last modified on Thursday, 16 January 2020 11:54