SJ WorldNews - шаблон joomla Авто

ရှမ်းယူနိုက်တက် အသင်းသည် ပြိုင်ဘက်ကောင်း အသင်းဖြစ်ကြောင်း ဆီးရက်စ်အသင်းနည်းပြချုပ်ပြော

Thursday, 16 January 2020 11:54 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

အာရှချန်ပီယံလိဂ် ခြေစစ်ပွဲပထမအဆင့်တွင်  ဖိလစ်ပိုင်ကလပ်  ဆီးရက်စ်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ကလပ်  ရှမ်းယူနိုက်တက်အသင်းကို  အနိုင်ရခဲ့သော်လည်း ရှမ်းယူနိုက်တက်အသင်းက ပြိုင်ဘက်ကောင်းအသင်းဖြစ်ကြောင်း ဆီးရက်စ် အသင်းနည်းပြချုပ် ဗီတာကိုဗစ်က ပွဲအပြီးတွင် ပြောသည်။ 

““ဒီပွဲက ခက်ခဲတဲ့နိုင်ပွဲတစ်ပွဲပါ။  ရှမ်းယူနိုက်တက် အသင်းက ကစားရခက်တဲ့ ပြိုင်ဘက်ကောင်း တစ်သင်းပါ။ နောက်ပြီး  ဒီပွဲက   ကျွန်တော်တို့ရဲ့  ဒီနှစ်ဘောလုံးရာသီ  ပထမဆုံးပွဲလည်း ဖြစ်ခဲ့လို့ပါ””ဟု ဗီတာကိုဗစ်က ပြော သည်။

ဇန်န၀ါရီ ၁၄ ရက်က ဖိလစ်ပိုင်နိုင်ငံ၌ ယှဉ်ပြိုင်ခဲ့သည့်  ယင်းပွဲတွင်   အိမ်ရှင် ဆီးရက်စ်အသင်းက   ရှမ်းယူနိုက်တက် အသင်းကို  ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ယှဉ်ပြိုင်နိုင်ခဲ့သည်။ ပွဲအစ ငါးမိနစ်နှင့် မိနစ် ၄၀တို့တွင် ဆီးရက်စ်အသင်း ကစား သမား လိုပက်ဇ်နှင့် မာရာနွန်တို့က ဂိုးများ သွင်းယူခဲ့သည်။ ဒုတိယပိုင်း မိနစ် ၇၀ တွင်  ရှမ်းယူနိုက်တက် အသင်း   တိုက်စစ်မှူး ဇင်မင်းထွန်းက ချေပဂိုးတစ်ဂိုး သွင်းယူနိုင် ခဲ့သော်လည်း ခြောက်မိနစ်အကြာတွင် ဆီးရက်စ် အသင်း ကွင်းလယ်ကစားသမား ပေါ်တီယာက တတိယဂိုး ထပ်မံသွင်းယူခဲ့သည်။ ၈၇ မိနစ်တွင် ရှမ်းယူနိုက်တက် အသင်း ကွင်းလယ်ကစားသမား မက်ဆီမန်က ဒုတိယချေပဂိုး သွင်းယူနိုင်ခဲ့သော်လည်း လက်ကျန်မိနစ်များတွင် ဂိုးထပ်မံ သွင်းယူနိုင်ခြင်း မရှိသည့်အတွက် ပွဲအပြီးတွင် ဆီးရက်စ်အသင်းကို ၃ဂိုး -၂ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သည်။                           

TZW

Read 57 times Last modified on Thursday, 16 January 2020 11:55