SJ WorldNews - шаблон joomla Авто

စစ်ကိုင်းယူနိုက်တက် အသင်း၏ ၂၀၂၀ ဘောလုံးရာသီအတွက် စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲကျင်းပ

Friday, 17 January 2020 08:36 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

မြန်မာနေရှင်နယ်လိဂ်ကလပ် အသင်း တစ်သင်းဖြစ်သည့် စစ်ကိုင်းယူနိုက်တက် အသင်း၏ ၂၀၂၀ ဘောလုံးရာသီသစ် အတွက်  စပွန်ဆာစာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ဇန်န၀ါရီ ၁၆ ရက်က ရန်ကုန်မြို့ Novotel  Hotel ရှိ Time Out Sports Bar ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနေရှင်နယ်လိဂ်  စီအီးအို ဦးစိုးမိုးကျော်၊ စစ်ကိုင်းယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးချစ်မျိုးထိုက်၊ ဇော်ဂျီ မြန်မာမှ  ဦးရာဇာ၊ Winner Sports မှ မန်နေးဂျင်း ဒါရိုက်တာ ဦးမျိုးပိုင်ချစ်၊ My Sports မှ Managing Director Mr.Clint နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် စစ်ကိုင်းယူနိုက်တက် အသင်း ဥကဋ္ဌ ဦးချစ်မျိုးထိုက်က အဖွင့်အမှာစကား ပြောကြားပြီး  Winner Sports မှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးပိုင်ချစ်နှင့်  ဇော်ဂျီမြန်မာမှ  ဦးရာဇာတို့က စစ်ကိုင်း ယူနိုက်တက် အသင်း အတွက် စပွန်ဆာပေး ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က မုဒိတာစကားပြောကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူတို့က စပွန်ဆာ စာချုပ်ချုပ်ဆို ကြကြောင်း သိရသည်။

 TZW

Read 33 times Last modified on Friday, 17 January 2020 08:38