SJ WorldNews - шаблон joomla Авто

ဖူဆယ်လိဂ်ပြိုင်ပွဲတွင် VUC ဖူဆယ်အသင်း ဆက်လက်ဦးဆောင်

Friday, 17 January 2020 08:37 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဖူဆယ်

MFF Myanmar Futsal League  2019-2020 ပြိုင်ပွဲ ပွဲစဉ်(၁၃) ပြီးဆုံးချိန်တွင် f VUC ဖူဆယ် အသင်းက ဆက်လက် ဦးဆောင်နေသည်။

VUC အသင်းသည် ၁၃ ပွဲကစားပြီး ချိန်တွင်  ၁၂ပွဲနိုင်၊  တစ်ပွဲ သရေ ရမှတ် ၃၇ မှတ်ရရှိထားသည့်အသင်းဖြစ်ပြီး MIU အသင်းနှင့် ရမှတ်ချင်းတူညီနေ သော်လည်း ဂိုးကွာခြားချက် ၁၅ ဂိုးအသာဖြင့် အမှတ်ပေး ဇယားကို  ဦး ဆောင်နေ ခြင်းဖြစ်သည်။ အမှတ်ပေး ဇယား၏ အဆင့်(၃)နေရာတွင်  GV အသင်းက ရမှတ် ၃၃  မှတ်ဖြင့် ရပ်တည် နေပြီး အဆင့်(၄) နေရာက  On Doctor အသင်းကို ရှစ်မှတ် အသာစီး ရယူထားနိုင်သည်။

လာမည့်ပွဲစဉ်(၁၄)ကို ဇန်န၀ါရီ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ VUCအသင်းနှင့် DoDoKoKo  အသင်း၊ MIU အသင်း နှင့် MFF ယူ-၁၉ ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ On Doctor အသင်းနှင့်  GV အသင်း တို့၏ ပွဲစဉ်သည်  ယခုတစ်ပတ်အတွက်  အကောင်းဆုံး ပွဲစဉ်အဖြစ် ရှိနေမည်ဖြစ်ပြီး တခြားပွဲစဉ် များအဖြစ် AMM  Brothers အသင်း နှင့် Let Wel Thone Nara အသင်း၊ Winner အသင်းနှင့် Futsal Chit Thu အသင်း၊ Dream Team အသင်း နှင့်  Myoma JY အသင်းတို့ ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။  

TZW

Read 41 times Last modified on Friday, 17 January 2020 08:38