SJ WorldNews - шаблон joomla Авто

Team PTမှ ONE Championship သို့ မျှော်မှန်းနိုင်သည့် အလားအလာအရှိဆုံး ကစားသမားငါးဦး

Friday, 17 January 2020 08:38 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၏ ပထမဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားလေ့ကျင့်ရေး နေရာဖြစ်သည့် Team PTသည် ONE Championship ကစားသမား တစ်ဦးဖြစ်သော ဖိုးသော် ဖွင့်လှစ်ထားသည့် အားကစားရုံဖြစ်သည်။ ရိုးရာလက်ဝှေ့ကို အဓိက ထားပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား၏ အခြေခံ နည်းစနစ်များကို သင်ကြားပေးနေသည့် ရန်ကုန်မြို့ရှိ Team PT ၌ ကိုယ်ခံပညာကို ၀ါသနာ ပါသူများ လေ့ကျင့်လျက်ရှိကြသည်။ အဆိုပါ ကစားသမားများ ထဲမှ ONE Championship သို့ မျှော်မှန်းနိုင်သော အလားအလာရှိသည့် ကစားသမား တချို့အကြောင်း စုစည်း တင်ပြလိုက်ရပါသည်။

OWS ပြိုင်ပွဲတွင် နိုင်ပွဲဆက်နေသည့်  စိုင်းဉာဏ်လင်းလတ်တလောတွင် ONE Warrior  Series (OWS)ပြိုင်ပွဲ၌ ပါဝင်ကစားပြီး နိုင်ပွဲဆက်နေသည့် မြန်မာကစားသမား  စိုင်းဉာဏ်လင်းသည် ONE Championship သို့ရောက်ရှိရန် အလားအလာ အကောင်းဆုံး  Team PT  ၏ကစား သမား တစ်ဦးဖြစ်သည်။ ရှမ်းတိုင်းရင်းသားဖြစ် သော်လည်း ကယားပြည်နယ်၌ မွေးဖွားကြီး ပြင်းခဲ့သည့် စိုင်းဉာဏ်လင်း သည် သုံးထပ် ကွမ်းချန်ပီယံ ကရာတေးကစားသမားဖြစ်သည်။ ၂၀၁၇ ဆီးဂိမ်းတွင်လည်း နိုင်ငံ့ လက်ရွေးစင် ကရာတေး ကစားသမားအဖြစ်    ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး Team PT  တွင် လေ့ကျင့် ရေးဆင်းကာ OWS  ပြိုင်ပွဲများ ပါဝင် ယှဉ်ပြိုင်လျက်ရှိသည်။  စိုင်းဉာဏ်လင်းသည် အသက် ၂၆ နှစ်ရှိပြီး စုစုပေါင်း OWS ပွဲ လေးပွဲယှဉ်ပြိုင် ကစားရာတွငပထမနှစ်ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့သော်လည်း နောက်နှစ်ပွဲ ပြန်လည်အနိုင်ရသဖြင့် ONE Championship နှင့် စာချုပ်ချုပ်ဆိုခွင့် ရရှိရန်  မျှော်မှန်းလာ နိုင်သူဖြစ်သည်။  

စိုင်းဉာဏ်လင်းသည်  နောက်ဆုံးကစား သည့်နှစ်ပွဲတွင်  ထိုင်းနိုင်ငံသား  Peter Danasoe နှင့် မလေးရှား နိုင်ငံသား Matt Korro တို့ကို Triangle   Choke ချုပ်ကွက်များဖြင့် ဆက်တိုက် အနိုင်ယူခဲ့သည်။

နောက်တစ်ကြိမ် အခွင့်အရေးရလိုသည့်  ကြယ်စင်ဖြိုး Team PT  ၏ လက်ဝှေ့နည်းပြ အဖြစ်  တာဝန်ထမ်း ဆောင် နေပြီး ကိုယ်တိုင်လည်း  လေ့ကျင့်မှုများပြုလုပ်နေသည့် မြန်မာ့ရိုးရာ လက်ဝှေ့ရွှေခါးပတ် ချန်ပီယံ ကြယ်စင်ဖြိုး သည်  ONE Championship နှင့် နီးစပ်မှုရှိသည့် ကစားသမားတစ်ဦးဖြစ် သည်။ ဟဲဟိုးဇာတိဖြစ်သည့် ကြယ်စင်ဖြိုး သည်   အဖြူရောင်သွေးသစ်ကလပ်မှ  ထွက်ပေါ်ခဲ့သည့် လက်ဝှေ့အားကစားသမား တစ်ဦးဖြစ်ကာ ပြည်တွင်းပြည်ပလက်ဝှေ့

ပွဲပေါင်းများစွာ ယှဉ်ပြိုင်ခဲ့ဖူးသည်။ ကြယ်စင် ဖြိုးသည် လက်ဝှေ့ပွဲပေါင်း ၂၇၀ ကျော် ယှဉ်ပြိုင်ခဲ့သည့် အနက် ပွဲ ၁၀၀ ကျော် အနိုင်ရထားသူဖြစ်သည်။ အသက် ၂၈ နှစ်အရွယ် ကြယ်စင်ဖြိုးသည်မွေထိုင်းမြန်မာ့လက်ရွေး စင်အဖြစ်လည်း  ဆီးဂိမ်းငွေတံဆိပ်ဆုရခဲ့ဖူး သည်။ သို့သော ONE Championship ပြိုင်ပွဲနှစ်ပွဲယှဉ်ပြိုင်ရာတွင် နှစ်ပွဲ စလုံးရှုံး နိမ့်သဖြင့် နှစ်ရှည် စာချုပ်ချုပ်ဆိုခွင့် မရ ခဲ့သူဖြစ်သည်။ ထို့ကြောင့် ကြယ်စင်ဖြိုးက အခွင့်အရေး ရလျှင် ONE Championship သို့ တစ်ကျော့ပြန်ကာ အစွမ်းပြလို သည်ဟု ကြုံးဝါးထားသည်။

ကိုယ်ခံပညာ နှစ်မျိုး  တတ်ကျွမ်းသကိုကိုအောင်   Team PT  ၌ အခြေစိုက် လေ့ကျင့်နေသည့်  နောက်ထပ်အလား အလာ ရှိသော ကစားသမားတစ်ဦးမှာ လက်ဝှေ့နှင့် ဂျူဂျစ် ဆုကို ကျွမ်းကျင် တတ်မြောက်ထားသည့် ကိုကိုအောင်ဖြစ် သည်။ ကိုကိုအောင်သည်  မကွေးတိုင်းဒေသကြီး ဇာတိဖြစ်ပြီး ရန်ကုန်မြို့သို့  အလုပ်လုပ်ကိုင်ရန် ရောက်လာ ခြင်း ဖြစ် သော်လည်း ဖိုးသော်နှင့် ချိတ်ဆက် မိပြီးနောက်  ကိုယ်ခံပညာ အားကစား သမားတစ်ဦးအဖြစ်  အသက်မွေးဝမ်း ကျောင်းပြုရန်  ဆုံးဖြတ်ခဲ့သည်။ အသက် ၂၉ နှစ်အရွယ် ကိုကိုအောင်သည်  ရိုးရာလက်ဝှေ့တွင် နှစ်ပွဲ ပါဝင်ကစားခဲ့ဖူး ပြီး  ထိုင်းနိုင်ငံမှ Full Metal Dojo ပြိုင်ပွဲ ကိုလည်း  ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည်။

လူငယ်ကစားသမား မဟုတ်သော်လည်း အသက်ကြီးမှ  အောင်မြင်မှုများ ရရှိနေသည့် ဖိုးသော်ကို အတုယူကာ ပြင်းပြင်း ထန်ထန် လေ့ကျင့်နေသူလည်းဖြစ်သည်။  ကိုကိုအောင်သည် ကိုယ်ခံပညာသိုင်း ပေါင်းစုံပွဲ သာမက Super Series မွေထိုင်း နှင့် Kickboxingါ ပွဲများတွင်လည်း ပါဝင် ယှဉ်ပြိုင်နိုင်သူဖြစ်သည်။

အသက်အငယ်ဆုံး ရွှေခါးပတ်ချန်ပီယံ စွမ်းထက်နိုင် Team PT    အသက်အငယ်ဆုံး ကစားသမားဖြစ်ကာ  အငယ် တန်း မြန်မာ လက်ဝှေ့ရွှေခါးပတ် ချန်ပီယံတစ်ဦးလည်း ဖြစ်သည့် စွမ်းထက်နိုင်သည် ကစားသမား  ဘ၀တစ်လျှောက် ပြည်တွင်း ပြည်ပပွဲပေါင်း  ၅၀ကျော်ယှဉ်ပြိုင်ခဲ့ရာတွင် လေးပွဲသာ  ရှုံးနိမ့်ထားသူဖြစ်သည်။ အသက် ကိုးနှစ်အရွယ် ကတည်းက လက်ဝှေ့ပညာကို စတင် သင်ယူခဲ့ပြီး အငယ်တန်းပြိုင်ပွဲများတွင်  လက်စွမ်းပြ ယှဉ်ပြိုင်ခဲ့ကာ တိုင်းဒေသ ကြီး နှင့်ပြည်နယ် အဆင့်ပြိုင်ပွဲ လေးပွဲယှဉ်ပြိုင် ခဲ့ရာ  သုံးပွဲတွင် ချန်ပီယံ ဆုရခဲ့ဖူးသည်။  

အသက် ၂၀ အရွယ်သာရှိပြီ ဗမာ့သွေးကလပ်မှ ထွက်ပေါ်လာသူဖြစ်သော်လည်း   Team PT  နှင့်ပူးပေါင်းကာ ဖိုးသော် ၏ အနီး ကပ်ကြီးကြပ် သင်ကြားပေးမှုဖြင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို လေ့ကျင့်လျက် ရှိသည်။ စွမ်းထက်နိုင်ကို NE Championship ၏ ကိုယ်ခံပညာသိုင်းပေါင်းစုံပွဲ များတွင်သာမက Super Series ပြိုင်ပွဲ များတွင်ပါ ယှဉ်ပြိုင်ခွင့်ရရန် မျှော်မှန်းထားသည်ဟု ဖိုးသော်ကပြောသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် ချန်ပီယံဆုရှင် တောက်ရှားအောင် စွမ်းထက်နိုင်ကဲ့သို့ပင် Team PT ၌ လေ့ကျင့်နေသည့်   နောက်ထပ် လူငယ် လက်ဝှေ့ကျော်တစ်ဦးမှာ တိုင်းဒေသကြီး နှင့်ပြည်နယ်ချန်ပီယံတစ်ဦးဖြစ်ခဲ့သည့် တောက်ရှား အောင်ဖြစ်သည်။ ၎င်းင်းသည် ပဲခူး တိုင်းဒေသကြီး မယ်ကဒန်ရွာဇာတိဖြစ် သည်။ ရုပ်သံမှ လက်ဝှေ့ပွဲများကိုကြည့်ပြီး မိဘများ၏ လယ်ယာလုပ်ငန်းကို ၀ိုင်းကူ နေရင်းက လက်ဝှေ့နယ်ပယ်ထဲသို့ ၀င်ခဲ့သူ ဖြစ်သည်။  အသက်  ၂၃  နှစ်အရွယ်  တောက်ရှားအောင် သည်  လက်ဝှေ့တွင်  ၁၁ ပွဲနိုင်၊ လေးပွဲရှုံး၊ ၁၀ ပွဲသရေ ရလဒ်ကို   ပိုင်ဆိုင်ထားပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကိုလည်း  လေ့ကျင့်လျက်ရှိ သည်။  

နောင်တစ်ချိန်တွင် ရိုးရာလက်ဝှေ့ ရွှေခါးပတ် ချန်ပီယံဖြစ်ရန် မျှော်မှန်းထားပြီး ONE Championship  တွင်လည်း  Super Series ပွဲများနှင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံပွဲများယှဉ်ပြိုင်ခွင့်ရရန် မျှော်မှန်းထားသည်။                

TZW

Read 52 times Last modified on Friday, 17 January 2020 08:40