SJ WorldNews - шаблон joomla Авто

ယခုရာသီတွင် ပထမဆုံး နိုင်ပွဲရသည့်အတွက် ကစားသမားများ၏ စွမ်းဆောင်ရည်ကို ချင်းယူနိုက်တက်အသင်း နည်းပြချုပ် ချီးကျူး

Sunday, 19 January 2020 13:09 font size decrease font size decrease font size increase font size increase font size

မြန်မာနေရှင်နယ်လိဂ်  ပွဲစဉ် (၂) တွင် တန်းတက် ချင်းယူနိုက်တက် အသင်းသည် မကွေးအသင်းကို  နှစ်ဂိုး-ဂိုးမရှိဖြင့်အနိုင် ရရှိပြီး ယခုနှစ်ရာသီတွင် ပထမဆုံး နိုင်ပွဲရ သည့်အတွက်   ကစားသမားများ၏ စွမ်း ဆောင်ရည်ကို  ချင်းယူနိုက်တက်အသင်း နည်းပြချုပ် ဦးအောင်ခိုင် ကချီးကျူးခဲ့သည်။
YUSC ကွင်း၌ ဇန်န၀ါရီ ၁၇ ရက်က ကျင်းပသည့် ချင်းယူနိုက်တက် အသင်းနှင့် မကွေးအသင်းတို့၏ ပွဲစဉ်တွင် ချင်းယူနိုက်တက်အသင်းက  မကွေးအသင်းကို  နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ကစားကာ ယခုဘောလုံး ရာသီအတွက် နိုင်ပွဲစတင် ရယူနိုင်ခဲ့သည်။
ချင်းယူနိုက်တက် အသင်းသည် ပထမ ပိုင်း ပွဲချိန်တစ်လျှောက် ဂိုးရရန် ရုန်းကန်ခဲ့ကြရသည်။ ပထမပိုင်းပွဲချိန်  ၄၅  မိနစ်ပြည့်ပြီးနောက်    ထပ်ဆောင်းအချိန်ပို သုံးမိနစ်၏ နောက်ဆုံးမိနစ်တွင် ချင်းယူ
နိုက်တက်အသင်းက ဦးဆောင်ဂိုး ရယူနိုင်ခဲ့ကာ ဒုတိယပိုင်း၏ ပွဲချိန်အများစုတွင် မကွေးအသင်းက   အသာစီး ကစားနိုင်ခဲ့သည်။  သို့သော်  ချင်းယူနိုက်တက်အသင်းသည် တန်ပြန်တိုက်စစ်မှ တစ်ဆင့် တိုက်စစ်မှူး ကျော်မင်းသန်းက ပွဲချိန် ၈၉ မိနစ်တွင် ဂိုးထပ်မံ သွင်းယူပေးခဲ့သည်။
““ဒီပွဲမှာ ကျွန်တော့်ကစားသမား တစ်ယောက်စီတိုင်းရဲ့  ကြိုးစားအားထုတ်မှုနဲ့ စွမ်းဆောင်ရည်ကို     ချီးကျူးပါတယ်။ ကျွန်တော်တို့အသင်းက တန်းတက်အသင်း ဆိုပေမယ့် လိဂ်-၁ ကစားဖူးတဲ့အတွက် ဘယ်အသင်းကိုမှ    ရှိန်မနေဘဲ   ရလဒ်ကောင်းတွေ ရရှိအောင် တစ်ပွဲချင်းစီ ပြင်ဆင် သွားမှာပါ”” ဟု ဦးအောင်ခိုင် ကပြောသည်။
Read 65 times Last modified on Sunday, 19 January 2020 13:10