SJ WorldNews - шаблон joomla Авто

လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်း နည်းပြချုပ် နေရာအတွက် ၁၀ ဦးကို ပဏာမရွေးချယ်

Sunday, 19 January 2020 13:13 font size decrease font size decrease font size increase font size increase font size

လစ်လပ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း နည်းပြချုပ် နေရာအတွက် လျှောက်ထားသူ ပြည်ပနည်းပြ ၁၀၀ ကျော်အနက် ၁၀ ဦးကို ပဏာမအဆင့်  ရွေးချယ်ထားကြောင်းမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး  ဦးကိုကိုသိန်း ကပြောသည်။
အဆိုပါ ပဏာမနည်းပြ ၁၀ ဦးစာရင်းတွင် အင်္ဂလန်၊ အမေရိကန်နှင့် ပြင်သစ်နိုင်ငံ တို့မှ နည်းပြများ ပါဝင်သည်။
““လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ်နေရာအတွက် လာလျှောက်ထားတာက ၁၀၀ ကျော်ရှိတယ်။ အခုတော့ ၁၀ ဦးကို ပဏာမ ရွေးထားတယ်။ အဲဒီ ၁၀ ဦးထဲမှာ အင်္ဂလန်လက်ရွေးစင် အမျိုးသမီးအသင်းကို ကိုင်တွယ်ဖူးတဲ့ လက်ထောက်နည်းပြလည်း ပါတယ်။ အမေရိကန်၊ ပြင်သစ်နဲ့ ဆားဘီးယားစတဲ့ ဥရောပက နည်းပြတွေလည်း ပါတယ်။တော်တော်များများက လက်ရွေးစင် အသင်းထက် ကလပ်အသင်းကို ကိုင်တွယ်ဖူးတာများလို့ ရွေးရခက်နေတယ်။
အသင်းနဲ့ အံဝင်မယ့်နည်းပြကို  သေချာစိစစ်ပြီး အမြန်ဆုံး ခန့်အပ်နိုင်ဖို့ စီစဉ်မှာပါ””  ဟု ဦးကိုကိုသိန်း ကပြောသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အနီးစပ်ဆုံးပြိုင်ပွဲအဖြစ် ဖေဖော်ဝါရီ ပထမပတ်တွင် ၂၀၂၀ အိုလံပစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ တတိယအဆင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းကို လက်ထောက်နည်းပြ   ဦးခင်မောင်ထွေးက   တာဝန်ယူ လေ့ကျင့်ပေးလျက် ရှိကြောင်း သိရသည်။
Read 53 times Last modified on Sunday, 19 January 2020 13:15