SJ WorldNews - шаблон joomla Авто

ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌနေရာတွင် GV အသင်းပိုင်ရှင် အရွေးခံမည်

Monday, 20 January 2020 08:15 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲကို ဇန်န၀ါရီ ၃၀ ရက်တွင်  ကျင်းပမည်ဖြစ်ရာ ဖူဆယ်နှင့်  သဲသောင်ပြင်ကော်မတီ ဥက္ကဋ္ဌ နေရာအတွက်  GV အသင်းပိုင်ရှင် ဒေါက်တာရဲမွန်ထွဋ် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

““အလုပ်အမှုဆောင်အဖွဲ့  ရွေးချယ်ပွဲအတွက် ကျွန်တော့်မှာ ဘာဖိအားမှ မရှိပါဘူး။   စည်းရုံးရေး ခရီးစဉ်တွေမှာလည်း အကောင်းဆုံး ကြိုးစားခဲ့တယ်။ ဥက္ကဋ္ဌလုပ်ခွင့်ရရင် ကလပ်အသင်းကနေ နိုင်ငံအသင်းကို ပြောင်းမယ်။ ဖူဆယ်အားကစား  ဖွံ့ဖြိုးတိုးတက်ဖို့  အာရုံစိုက်မယ်။  ဖူဆယ်လိဂ်ပြိုင်ပွဲကို အိမ်ကွင်း၊ အဝေးကွင်းစနစ်နဲ့ ကျင်းပနိုင်အောင် ကြိုးစားမယ်။ တခြားခံစားခွင့်တွေ၊ မျှော်လင့်ချက်တွေမရှိဘူး။ ရွေးချယ်ပွဲမှာ  နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဖူဆယ် အားကစားအတွက် တတ်နိုင်တဲ့ဘက်က   ပံ့ပိုးပေးနေမှာပါ””  ဟုဒေါက်တာရဲမွန်ထွဋ် ကပြောသည်။

လက်ရှိတွင် ဒေါက်တာရဲမွန်ထွဋ်သည်  ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီတွင်  တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည်။ ၎င်းသည် ၂၀၁၉ ခုနှစ်   ဒီဇင်ဘာလက   မလေးရှား နိုင်ငံ၌ ကျင်းပခဲ့သည့် AFC Futsal Director Workshop သို့ တက်ရောက်ခဲ့ပြီး ဖူဆယ်အားကစား ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သင့်သည်များကို MFF ထံ တင်ပြထားကြောင်း သိရသည်။

လက်ရှိ  ဖူဆယ်နှင့်   သဲသောင်ပြင်ကော်မတီ ဥက္ကဋ္ဌနေရာကို ဦးကြည်မင်းသိန်း က တာဝန်ယူလျက်ရှိပြီး လာမည့်ရွေးချယ်ပွဲ၌ အဆိုပါ ဥက္ကဋ္ဌ နေရာအတွက် ဦးကြည်မင်းသိန်းနှင့် ဒေါက်တာရဲမွန်ထွဋ် တို့နှစ်ဦးယှဉ်ပြိုင် အရွေး ခံမည်ဖြစ်ကြောင်း သိရသည်။  

Read 14 times Last modified on Monday, 20 January 2020 08:16