SJ WorldNews - шаблон joomla Авто

ထိုင်းလိဂ်ရှိ မြန်မာ ကစားသမားများ၏ ခြေစွမ်းကို အန်တွမ်နီဟေး လေ့လာနိုင်ရန် MFF စီစဉ်ပေးမည်

Monday, 20 January 2020 08:19 font size decrease font size decrease font size increase font size increase font size

ထိုင်းပရီးမီးယားလိဂ်တွင် သွားရောက်ကစားလျက်ရှိသည့် မြန်မာ့လက်ရွေးစင် ကစားသမားများ၏ ခြေစွမ်းကို နည်းပြချုပ် အန်တွမ်နီဟေး  လေ့လာနိုင်ရန်  မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) က စီစဉ်ပေးမည်ဖြစ်ကြောင်း MFF အထွေထွေ အတွင်းရေးမှူး    ဦးကိုကိုသိန်း ကပြောသည်။

““နည်းပြချုပ် အန်တွမ်နီဟေး အနေနဲ့ ထိုင်းလိဂ်မှာ ကစားနေတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းကို လေ့လာဖို့  MFF ဘက်ကနေ   လိုအပ်တာတွေ အားလုံးကို စီစဉ်ပေးမှာပါ။ အွန်လိုင်းကနေ စောင့်ကြည့်ဖို့ လိုအပ်တာတွေကို လုပ်ပေးသွားမှာဖြစ်သလို  လိုအပ်ရင်လည်း   အဖွဲ့တစ်ဖွဲ့  ဖွဲ့စည်းပေးသွားမှာပါ။ မြန်မာကစားသမားတွေရဲ့  ပွဲတွေကို သွားကြည့်ချင်တယ် ဆိုရင်လည်း စီစဉ်ပေးမှာပါ”” ဟု ဦးကိုကိုသိန်း ကပြောသည်။  

၂၀၂၀ ဘောလုံးရာသီတွင် မြန်မာ့လက် ရွေးစင်အသင်း၌   ခြေစွမ်းပြသခဲ့သော ကစားသမား အများစုသည် ထိုင်းလိဂ်သို့ ပြောင်းရွှေ့ကစားခဲ့ရာ နည်းပြချုပ် လေ့လာရ လွယ်ကူစေရန် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

Read 14 times Last modified on Monday, 20 January 2020 08:19