SJ WorldNews - шаблон joomla Авто

ခြေထောက်၌ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည့် နန်းထိုက်ဇော်နှင့် ပတ်သက်၍ MFF အထွေထွေ အတွင်းရေးမှူး ရှင်းလင်း

Monday, 20 January 2020 08:23 font size decrease font size decrease font size increase font size increase font size

၂၀၁၉ ဆီးဂိမ်းမတိုင်မီ ခြေစမ်းကစားခဲ့သည့် မြန်မာယူ -၂၂ အသင်းနှင့် တောင်ကိုရီးယား ကလပ် ပိုဟန်းစတီးလား အသင်းပွဲစဉ်တွင်  ခြေထောက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့်  နန်းထိုက်ဇော်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)  အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက   ၎င်း၏လူမှုကွန်ရက်၌  ဖြေရှင်းချက် ရေးသားထားသည်။

MFF ဆေးအဖွဲ့အနေဖြင့် ၎င်းဒဏ်ရာရပြီးပြီးချင်း ဆေးရုံ၌  ဓာတ်မှန်ရိုက်ခဲ့ပြီး  MFF ဆေးအဖွဲ့မှ ကုသခဲ့ကြောင်း၊ ဆေးအဖွဲ့၏ စစ်ဆေးချက်အရ ခွဲစိတ်ရန်မလိုဘဲ အနားယူပြီး ကြံ့ခိုင်မှုအတွက် ပုံမှန်လေ့ကျင့်ခန်း လုပ်ရန် ညွှန်ကြားခဲ့သော်လည်း ကစားသမားက ကလပ်ကို ပြန်ချင်သည့်အတွက်  MFF   ဆေးအဖွဲ့မှ   ကလပ်အသင်း၌ ချက်ချင်းကစားခြင်း မပြုရန် ညွှန်ကြားခဲ့ပြီး ပြန်လည်စေလွှတ်ခဲ့သည်။ နန်းထိုက်ဇော်သည်  ဧရာဝတီယူနိုက်တက် အသင်းသို့ ပြန်လည်ရောက်ရှိချိန် ၂၀၁၉ ခုနှစ် သြဂုတ် ၁၀ ရက်က ယှဉ်ပြိုင်ခဲ့သော ရန်ကုန်ယူနိုက်တက် အသင်းနှင့်ပွဲစဉ်တွင် အရန်ကစားသမားအဖြစ်  စာရင်းသွင်းထားကြောင်း၊ သြဂုတ် ၁၈ ရက်က ဟံသာဝတီယူနိုက်တက် အသင်းနှင့်  ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် ပွဲထွက် ၁၁ ဦးစာရင်း၌ ပါဝင်လာပြီး ပွဲချိန် ၃၉ မိနစ်တွင် တစ်ဖက်အသင်း၏  ကြမ်းတမ်းစွာ ကစားခံရ၍ မိနစ် ၅၀ တွင် ဒဏ်ရာကြောင့် လူစားလဲ ခံရကြောင်း၊ ယင်းဒဏ်ရာကြောင့် နန်းထိုက်ဇော်သည် ဒူးဒဏ်ရာ ခွဲစိတ်ကုသရန် လိုအပ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ထို့ကြောင့်  လက်ရွေးစင်ကိုယ်စားပြု ကစားပြီး ဒဏ်ရာရပါက လိုအပ်လျှင် ပြည်ပအထိ    သွားရောက် ကုသပေးကြောင်း ရေးသားဖော်ပြခဲ့သည်။ နန်းထိုက်ဇော်၏ ဒဏ်ရာအတွက်  ဧရာဝတီယူနိုက်တက် အသင်းမှ  MFF အား  ကုန်ကျစရိတ် တစ်ဝက်ကျခံပေးရန် မေတ္တာရပ်ခံလာသဖြင့် ဗန်ကောက် သို့မဟုတ် ရန်ကုန်၌ ခွဲစိတ်မည်ဆိုပါက ကုန်ကျစရိတ်တစ်ဝက် ကျခံပေးမည်ဖြစ်ကြောင်း သိရသည်။

Read 13 times Last modified on Monday, 20 January 2020 08:24