SJ WorldNews - шаблон joomla Авто

AFC Cup ပြိုင်ပွဲတွင် တောက်ပလာနိုင်သည့်ကစားသမားစာရင်း၌ ရန်ကုန် ယူနိုက်တက်အသင်း တိုက်စစ်မှူး သန်းပိုင် ပါဝင်

Wednesday, 12 February 2020 15:39 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

င်္ဗဃ ဃကစ ၂၀၂၀ ပြိုင်ပွဲတွင် တောက်ပ လာနိုင်သည့် အာဆီယံကလပ်များမှ ကစားသမားစာရင်းထွက်ပေါ်လာရာ  ရန်ကုန် ယူနိုက်တက်အသင်းတိုက်စစ်မှူး  သန်းပိုင် ပါဝင်လာကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင်   တောက်ပလာနိုင်သည့် အာဆီယံကလပ်များမှ ကစားသမား ခြောက်ဦးအမည်ကို   ပြိုင်ပွဲကျင်းပ ရေးမှ ထုတ်ပြန်ခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူးသန်းပိုင်အပြင် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီး အသင်း တိုက်စစ်မှူး ငုယင် ကောင်ဖောင်၊ အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက်အသင်းတိုက်စစ်မှူး အီလီဂျာ စပါဆိုဂျီဗစ်၊  ဖိလစ်ပိုင်ကလပ် ဆီးရက်စ် အသင်း ကွင်းလယ်ကစားသမား  စတီဖင်ရှရော့ခ်၊  ကမောဒီးယား ကလပ် ဖရက်ခမ် အသင်းတိုက်စစ်မှူး ဘီဖလိုနှင့်  စင်ကာပူကလပ် ဟောင်ဂန်ယူနိုက်တက် အသင်း တိုက်စစ်မှူး ပလာဇီ ဘတ် တို့ ပါဝင်ကြသည်။

သန်းပိုင်သည်    ပြီးခဲ့သည့်ရာသီက ရန်ကုန်ယူနိုက်တက် အသင်း၏  ဂိုးသွင်းအများဆုံး  တိုက်စစ်မှူးတစ်ဦးဖြစ်သည့်  ဆယ်လာနှင့် အတွဲအဖက် ညီညီကစားနိုင် ခဲ့သည်။

ယခုဘောလုံးရာသီတွင်  ရန်ကုန်ယူ နိုက်တက်အသင်းက သန်းပိုင်ကို တိုက်စစ်  နေရာ၌ ပွဲထွက်အသုံးပြုခဲ့ရာ  မြန်မာနေရှင် နယ်လိဂ်ပွဲဦးထွက် ချင်းယူနိုက်တက်အသင်း နှင့်ပွဲတွင် အသင်းအတွက် တစ်ဂိုးသွင်းယူပြီး ရာသီအစ အဖွင့် လှခဲ့သည်။

ယခုနှစ်ဘောလုံးရာသီတွင်  သန်းပိုင်သည် ရန်ကုန်ယူနိုက်တက်အသင်း အတွက်  လေးဂိုး အထိသွင်းယူ ပေးထား နိုင်ခဲ့ သည်။

သန်းပိုင်သည် AFC Cup ရှုံးထွက်အဆင့်  ပွဲစဉ်တစ်ပွဲဖြစ်သည့်    ဘရူနိုင်းကလပ် အင်ဒရာအသင်းနှင့်  ပထမအကျော့ အဝေးကွင်း၌   နှစ်ဂိုးသွင်းယူခဲ့ပြီး  အိမ်ကွင်း၌  တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည်  AFC Cup ပြိုင်ပွဲအုပ်စု(စ)တွင် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီး၊ စင်ကာပူ ကလပ် ဟောင်ဂန် ယူနိုက်တက်၊ လာအိုကလပ် လာအိုတိုယို တာအသင်းတို့နှင့်အတူ   ကျရောက်ခဲ့ပြီး အဖွင့်ပွဲအဖြစ် ဖေဖော်ဝါရီ ၁၁ ရက် ညနေက  သုဝဏအားကစားကွင်း၌ ဟိုချီမင်းစီးတီး အသင်းနှင့် ယှဉ်ပြိုင် ကစားရာ နှစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

TZW           

Read 36 times Last modified on Wednesday, 12 February 2020 15:40