SJ WorldNews - шаблон joomla Авто

အောင်လအန်ဆန်ကို နယ်သာလန် MMA ဖိုက်တာ ဒီရစ်ဒလာ စိန်ခေါ်

Wednesday, 12 February 2020 15:40 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ MMA

MMA One Championship မစ်ဒယ် ၀ိတ်တန်း ကမာ့ချန်ပီယံအောင်လအန်ဆန် ကို နယ်သာလန် MMA ဖိုက်တာ  ဒီရစ် ဒလာက စိန်ခေါ်လိုက်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ဖေဖော် ၀ါရီ ၇ ရက်က One Championship မှ Warrior's Code အမည်ဖြင့်  ကျင်းပသည့်  မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲ၌ နယ်သာလန် ဖိုက်တာ ဒီရစ်ဒလာက ဘရာဇီးဖိုက်တာ  အက်တီဒက်စ်ကို  အမှတ် ဖြင့် အနိုင်ရရှိပြီး  အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း  ကမ်္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်ရရှိခဲ့ သည်။

““အောင်လ မင်းအဆင်သင့်ဖြစ်ပြီလား။ မင်းကြိုက်တဲ့နေရာ၊ ကြိုက်တဲ့နေ့ကို ရွေးလိုက်ပါ။ မင်းရွေးချယ်ဖို့အတွက်  ထိုက်တန် ပါတယ်။ ဒါပေမဲ့ မင်းရဲ့ခါးပတ်က ငါ့အတွက် ဖြစ်လာမှာမို့ပါ””ဟု ဒီရစ်ဒလာက အောင်လ အန်ဆန်ကိုစိန် ခေါ်ခဲ့သည်။

အသက် ၂၉ နှစ်အရွယ် ဒီရစ်ဒလာသည် MMA ပြိုင်ပွဲတစ်လျှောက် ၁၂ ပွဲကစား၊ ၁၂ ပွဲစလုံးအနိုင်ရကာ ရှုံးပွဲမရှိ စံချိန်တင် ထားသည်။

အောင်လအန်ဆန်ကလည်း ဒီရစ်ဒလာ၏  အနိုင်ရရှိမှုကို ဂုဏ်ပြုကာ ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက် မကြာမီရင် ဆိုင်ရန်  မျှော်လင့်ထားကြောင်းကိုလည်း““ကျွန်တော့် ရဲ့ ချန်ပီယံခါးပတ်ကို  စိန်ခေါ်နိုင်ဖို့ ယှဉ်ပြိုင်ရတဲ့အရေးကြီးတဲ့ ပွဲစဉ်မှာ အနိုင်ရရှိသွားတဲ့  ဒီရစ်ဒလာကို ဂုဏ်ပြုပါတယ်။ သိပ်မကြာခင်အချိန်မှာ   ချန်ပီယံခါးပတ်အတွက်  ပြိုင်ပွဲ ကြိုးဝိုင်းမှာ ရင်ဆိုင်ဖို့အတွက် မျှော် လင့်ပါတယ်””ဟု လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သည်။

အသက် ၃၄ နှစ်အရွယ် အောင်လအန် ဆန်သည် MMA  ပြိုင်ပွဲတစ်လျှောက် ၃၆ ပွဲ ယှဉ်ပြိုင်ရာ ၂၆ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့် ထားသည်။ ကချင် တိုင်းရင်းသား အောင်လ အန်ဆန်သည် လက်ရှိတွင် MMA One Championship ၏ လိုက်ဟဲ ဗီး ၀ိတ်နှင့်  မစ်ဒယ်ဝိတ်တန်း ကမာ့ ချန်ပီယံဖြစ်ကြောင်း သိရသည်။                      

TZW

Read 115 times Last modified on Wednesday, 12 February 2020 15:46