SJ WorldNews - шаблон joomla Авто

AFC Cup ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း အိမ်ကွင်း၌ရှုံးနိမ့်

Thursday, 13 February 2020 07:26 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဖေဖော်ဝါရီ  ၁၂

၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စု (H) ပထမနေ့အဖြစ် မြန်မာကလပ် ရှမ်းယူ နိုက်တက်အသင်းနှင့်  ဖိလစ်ပိုင် ကလပ်   ကာယာအသင်းတို့ ယနေ့ညနေပိုင်းတွင်  ရန်ကုန်မြို့ရှိ သုဝဏ်္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ရှမ်းယူနိုက်တက် အသင်းက ကာယာ အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲ၌ သုံးရာသီဆက်တိုက် ယှဉ်ပြိုင်ခွင့်ရသော်လည်း ရလဒ်ဆိုးရွား နေမှုကို ရပ်တန့် နိုင်ခြင်းမရှိဘဲ စုစုပေါင်း ၁၃ ပွဲမြောက်တွင် ၁၂ ပွဲမြောက်ရှုံးပွဲကြုံတွေ့ခဲ့သည်။ ကာယာ အသင်းမှာ ရှမ်းယူနိုက် တက်အသင်းကို ခြေမသာသော်လည်း မိနစ် ၇၀ နောက်ပိုင်း သွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ပိုဖိကစားနိုင်သော်လည်း ကာယာအသင်း၏ ခံစစ်ကစားပုံကို ကျော်ဖြတ် နိုင် ခြင်းမရှိ  သည့်အပြင် တိုက်စစ်ဆင်မှုများမှာ အမှား များနေသောကြောင့် ထိရောက်သည့်ဂိုးသွင်း ခွင့်မရခဲ့ပေ။ အထောင်တိုက် စစ်မှူးအဖြစ် ကစားသည့် ထက်ဖြိုးဝေမှာ ခြေစွမ်းမပြနိုင်၍ ရှမ်းယူနိုက်တက် အသင်း ပထမပိုင်းတွင် ဂိုးပေါက်ပျောက်ဆုံးကာ ဂိုးမရှိသရေကျနေသည်။

ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက် အသင်းက ဇွဲသက်ပိုင်အစား ဇင်မင်းထွန်းကိုထည့်ကာ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဂိုးသွင်းခွင့်များ ရလာခဲ့သည်။ ကစားသမားအများစု ပုံမှန် ခြေမရသည့် ရှမ်းယူနိုက်တက် အသင်းသည် မိနစ် ၇၀ နောက် ပိုင်းတွင် ကာယာအသင်း၏ သွင်းဂိုးများကို ခွင့်ပြုခဲ့ရသည်။ ၇၄ မိနစ်တွင် ပေးလိုက်ရသည့်ပယ်နယ်တီမှာ ပွဲ၏ အလှည့်အပြောင်းဖြစ်ခဲ့ပြီး ဘီဒစ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့၍ ကာယာအသင်း အဖွင့်ဂိုးရခဲ့သည်။ ရှမ်းယူ နိုက် တက် အသင်းချေပဂိုးပြန်ရရန် ကြိုးပမ်းသော်လည်း၈၅ မိနစ်တွင် ဂျီဂန်တိုက ဒုတိယဂိုးသွင်းယူကာ ကာယာ အသင်းကို အမှတ်ပြည့်ရ စေခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု ဒုတိယပွဲကို အဝေးကွင်းကစားရမည်ဖြစ်ရာ နိုင်ပွဲပြန်ရရန် ရုန်းကန်ရတော့ မည်ဖြစ်သည်။

                                                               

 

Read 31 times Last modified on Thursday, 13 February 2020 07:27