SJ WorldNews - шаблон joomla Авто

မက်ဂရီဂေါ်နှင့် ပက်ကွီအိုတို့ ယှဉ်ပြိုင်မည့်ပွဲ အကောင်အထည်ပေါ်လာနိုင်

Thursday, 13 February 2020 09:22 font size decrease font size decrease font size increase font size increase font size

အိုင်ယာလန်နိုင်ငံသား နာမည်ကြီး ယူအက်ဖ်စီဖိုက်တာ မက်ဂရီဂေါ်နှင့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုတို့၏ ပွဲစဉ် အကောင်အထည် ပေါ်လာနိုင်ကြောင်း သိရသည်။

မက်ဂရီဂေါ်က ဇန်နဝါရီလတွင် ယူအက်ဖ်စီပွဲ ပြန်လည်မယှဉ်ပြိုင်မီ ပက်ကွီအိုနှင့် ယှဉ်ပြိုင်နိုင်ရန် နီးစပ်နေပြီဟု ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် မက်ဂရီဂေါ်၏ ပွဲများကို စီမံပေးသော Paradigm Sports Mana-

gement အဖွဲ့နှင့် ပက်ကွီအိုသည်လည်း ဖေဖော်ဝါရီ ၁၁ ရက်က ကန်ထရိုက်စာချုပ်ချုပ် ဆိုခဲ့သည့်အတွက်  ထိုပွဲမှာ အမှန်တကယ် ဖြစ်လာရန်  ပိုမိုနီးစပ်ခဲ့သည်။

စာချုပ်အသေးစိတ် အချက်အလက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ပက်ကွီအိုနှင့် မက်ဂရီဂေါ်တို့သည် လက်စ်ဗီးဂတ်စ်ရှိ ပရိသတ်   ၆၅ဝဝဝ  ဆံ့ Allegiant Stadium ၌ ယှဉ်ပြိုင်ဖွယ်ရှိကြောင်း သိရသည်။

Ref:Dailystar

Read 24 times Last modified on Thursday, 13 February 2020 09:23