SJ WorldNews - шаблон joomla Авто

ဗန်ဒစ်ကို ပေါင်သန်း ၅ဝ တန် ငါးနှစ်စာချုပ် သက်တမ်းတိုးရန် လီဗာပူး ပြင်ဆင်

Thursday, 13 February 2020 09:23 font size decrease font size decrease font size increase font size increase font size

လီဗာပူးအသင်းသည် အသင်းအတွက်  အဓိကကျသော နယ်သာလန်ဗဟိုခံစစ်မှူး ဗန်ဒစ်ကို အနာဂတ်တွင် အသင်း၌ ရေရှည်ဆက်ထိန်းနိုင်ရန်အတွက် ပေါင်သန်း ၅ဝ တန် ငါးနှစ် စာချုပ်သက်တမ်းတိုးရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။

မကြာသေးမီက ဂျူဗင်တပ်စ်အသင်းသည် ဗန်ဒစ်ကို ပေါင်သန်း ၁၅ဝ ဖြင့် နွေရာသီဈေးကွက်၌ ခေါ်ယူရန် ပြင်ဆင်နေသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

လီဗာပူးအသင်းသည် အသက်  ၂၈  နှစ်ရှိပြီဖြစ်သော ဗန်ဒစ်ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလက ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းဖြင့်ခေါ်ယူခဲ့ပြီး ၄င်းကြောင့် လီဗာပူးအသင်း ခံစစ်ပိုင်း အထူးကောင်းမွန်ခဲ့ကာ  ချန်ပီယံလိဂ်ဗိုလ်လုပွဲ   နှစ်ရာသီ ဆက်တိုက်တက်ရောက် နိုင်ခဲ့သည့်အပြင်   ပြီးခဲ့သည့်နှစ်က ချန်ပီယံလိဂ်ဖလားလည်း ရရှိခဲ့သည်။

ယခုရာသီတွင်လည်း လီဗာပူးသည် ပရီးမီးယားလိဂ်ဖလားရရန် သေချာနေသဖြင့် ဗန်ဒစ်ကို ပေါင်သန်း ၅ဝ တန် ငါးနှစ် စာချုပ်သက်တမ်းတိုးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။  လက်ရှိကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးအဖြစ်    သတ်မှတ် ခံထားရသော ဗန်ဒစ်ကို  လီဗာပူးပေးထားသည့်  တစ်ပတ်လစာမှာ  ပေါင် ၁၂၅ဝဝဝ ရှိပြီး စာချုပ်သစ်တွင် တစ်ပတ် ပေါင် ၁၅ဝဝဝဝ အထိ တိုးပေးမည်ဟု သိရသည်။

ဗန်ဒစ်သည်  ပြီးခဲ့သည့်ရာသီက ပီအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပြီး  ရွှေဘောလုံးဆုတွင် မက်ဆီကို ကပ်ရှုံးခဲ့ရသည်။  ၄င်းသည်  ယခုရာသီ လီဗာပူးအတွက်  ပရီးမီးယားလိဂ်ပွဲတိုင်း  ပွဲချိန်ပြည့် ကစားပေးထားသည်။                                     

  Ref:Dailymail

Read 36 times Last modified on Thursday, 13 February 2020 09:24